မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးချောတွေထဲက တစ်ဦးဖြစ်တဲ့ မင်းသမီးဝတ်မှုံရွှေရည်ကတော့ ပရိသတ်တွေရဲ့အချစ်တွေရှိတဲ့ အမှတ်တရလေးတွေနဲ့ ခပ်လန်းလန်းလေးဓာတ်ဖမ်းခဲ့ပါတယ်..။

အားလုံးကချစ်ရတဲ့ ရွှေကစ်လေးကတော့ မန္တလေးကမပြန်ခင် လတ်ဆက်ပြီးလွတ်လပ်တဲ့ လေညင်းလေးတွေရှိတဲ့ လေဆိပ်တစ်နေရာမှာ ဓာတ်ဖမ်းခဲ့တဲ့ အမိုက်စားဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်တာ ဖြစ်ပါတယ်..။

မန္တလေးမှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီး ပရိသတ်တွေ့ဆုံလက်မှတ်ထိုးပွဲကို တတ်ရောက်ရင်း အပြန်လေဆိပ်မှာ ပရိသတ်တွေရဲ့အချစ်နဲ့ဝန်းရံမှုတွေကြောင့် မမောပန်းနိုင်ပဲ ပဲပေးဓာတ်ဖမ်းခဲ့တယ်ဆိုပြီးတော့လည်း ချစ်စဖွယ်ရေးသားပြောပြထားပါသေးတယ်..။

အမြဲဖက်ရှင်ကျပြီး လန်းနေတဲ့ ရွှေကစ်လေးကတော့ ချစ်ရတဲ့ပရိသတ်တွေနဲ့အတူ တွေ့ဆုံလက်မှတ်ရေးထိုး ဓာတ်ဖမ်းပေးခဲ့ပြီး အပြန်လေဆိပ်မှာ တစ်ကိုယ်ဓာတ်ဖမ်းခဲ့တဲ့ အမိုက်စားပုံရိပ်လေးတွေကလည်း တကယ့်ကို အလန်းစားလေးနဲ့ ချစ်စရာကောင်းနေတာမို့ ပရိသတ်တွေကတော့ အချစ်ပိုပြီးရင်း ပိုရပြန်ပါပြီနော်..။

မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ လတ်တလောမှာအခမ်းအနားပွဲတော်တော်များများကို တတ်ရောက်ဖြစ်နေပြီး သြဂုတ်လ(၂)ရက်နေ့ကလည်း AGD Bank ရဲ့ အခမ်းအနားပွဲလေးကို အဖြူရောင်ဖက်ရှင်ဝတ်စုံလေးနဲ့ တတ်ရောက်ခဲ့တဲ့ သူမကတော့ တကယ့်ကိုဖက်ရှင်ဘုရင်မလို့ တင်စားရလောက်အောင်ပါပဲနော်..။

လေဆိပ်မှာ ပဲပေးဓာတ်ဖမ်းခဲ့တဲ့ ရွှေကစ်လေးရဲ့ ချစ်စရာကောင်းတဲ့ ခပ်လန်းလန်းပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်တာမို့ ရွှေကစ်လေးကို အားပေးချစ်တယ်ဟုတ်..??

Photo - ရွှေကစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။