လက်တလောလူမှု့ကွန်ယက်မှာတော့ ဖေ့ဘွတ်ခ် ဆယ်လီလို့လူသိများတဲ့ အဆိုတော် Singer သားစစ်ရဲ့တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ သီချင်းလေးတွေ ပြန်လည်ပျံ့နှံ့နေခဲ့ပါတယ်။အဲ့ဒီသီချင်းလေးတွေကတော့ တစ်ခေတ်တစ်ခါကတော်တေ်ာလေး လူကြိုက်များဟော့ဖြစ်ခဲ့ပေမယ့် အဆိုတော် Singer သားစစ်ဆိုထားတယ်ဆိုတာကို ပရိသတ်တွေ သတိမထားမိခဲ့ကြတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ ဗီဒီယိုလေးတွေပြန်တက်လာခဲ့ပြီး ပရိသတ်တွေသဘောကျရတဲ့ ဆယ်လီကြီး သားစစ်ကိုယ်တိုင်သီဆိုထားတဲ့ ပုံရိပ် လေးတွေမြင်ရတာပရိသတ်တွေအတော်လေးကိုအံ့သြမှင်သက်နေကြပါတယ်။  

ဒီလိုအံ့သြမှင်သက်နေကြတဲ့ ပရိသတ်တွေအများကြီးထဲမှာ ပရိသတ်အချစ်တော်ဇေရဲထက်ကလည်း ပါဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။ဇေရဲထက်ကတော့ သူရဲ့လူမှုကွန်ယက်မှာကို အဆိုတော် Singer သားစစ်ကိုယ်တိုင်သီဆိုထားတဲ့ သီချင်းဗီဒီယိုလေးတွေကို Share ပြီး အံ့သြမှုအငွေ့အသက်တွေဖြစ်နေတဲ့ပုံစံလေး ကိုမြင်တွေ့ရပါတယ်။ မိုက်ကယ်သားစစ်ဆိုခဲ့တာလားဆိုတဲ့ အံ့သြမှုအငွေ့အသက်တွေနဲ့ မေးခွန်းလေးမေးထားပြီး Woow တကယ်ကြိုက်ခဲ့တယ်လို့ သူရဲ့လူမှုကွန်ယက်မှာရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ 

ဇေရဲထက်ကတော့ အဆိုတော်သားစစ်မှန်းမသိခဲ့ပေမယ့် သားစစ်ရဲ့သီချင်းလေးကိုကြိုက်နှစ်သက်ခဲ့တဲ့ သားစစ်ရဲ့ Fanတစ်ယောက်အဖြစ်ရှိနေခဲ့တာလို့တောင်ဆိုရပါမယ်နော်။ဒီသီချင်းလေးတွေကတော့ ဇေရဲထက်တင်မဟုတ်ပဲ ပရိသတ်တွေအားလုံးနဲ့လည်းလုံးဝရင်းနှီးနေပြီး ပရိသတ်တွေအားလုံးသဘောကျခဲ့ရတဲ့သီချင်းလေးတွေလို့ဆိုရင်လည်းမမှားနိုင်ပါဘူး။တစ်ခေတ်တစ်ခါက ပရိသတ်တွေကြိုက်ခဲ့ရတဲ့သီချင်းလေးတွေဟာ လက်ရှိပရိသတ်တွေရဲ့ Idol အဆိုတော် Singer သားစစ်ဆိုထားတယ်ဆိုမသိသေးတဲ့ ပရိသတ်တွေအတွက် မင်းသားဇေရဲထက်လိုအံ့သြသွားစေဖို့တင်ဆက်လိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - ဇေရဲထက် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။