အမျိုးသမီးတွေအနေနဲ့ ကိုယ်ဝန်ဆောင်ရတဲ့ တာဝန်ဟာ အသက်တမျှအရေးကြီးပါတယ်။နှလုံးရောဂါမိန်က လေးတွေဟာကလေးမမွေးရတော့ဘူးလားဆိုတော့ ။မွေးရပါမယ် ဒါပေမဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ သေသေ ချာချာ ပြင်ဆင်ပြီးမှ မွေးရပါမယ်။ ကိုယ်ဝန်ဆောင်တော့မယ်ဆိုရင်ရင်နှီးတဲ့ဆရာဝန်နဲ့သေချာ တိုင်ပင်ပါ။ မိမိ မှာနှလုံးရောဂါရှိကြောင်း ဆရာဝန်ကိုပြောပါ။ ကိုယ်ဝန်ဆောင်စဉ် ဆရာဝန်ပေးတဲ့ဆေးဝါးများကိုသာ သောက် သုံးဖို့လိုပါတယ်။

ကိုယ်ဝန်ဆောင်တဲ့အခါ နှလုံးဟာ ၄၀ ရာခိုင်းနှုန်း အလုပ်လုပ်ပြီး တစ်ခြားအင်္ဂါ အစိတ်ပိုင်းတွေကို ပို့ဆောင် ပေးပါတယ်။သွေးကြောတွေဟာ သွေးများကိုလက်ခံဖို့ ကျယ်ပေးရပါတယ်။ ကလေးမွေးလို့ သွေးထွက်လွန်တဲ့ အခြေနေမျိုးမှာ ကာကွယ်ပေးရန်အတွက် သဘာဝက လုပ်ပေးပါတယ်။ကလေးမွေးချိန်တို့တွင် သေချာဂရုစိုက် ဖို့လိုပါတယ်။ ကလေးမွေးတဲ့အခါ သားအိမ်ကျုံလာပြီး သွေးဟာညှစ်အားကောင်းလာပါတယ်။နှလုံးက ပိုပြီး အလုပ်ရတယ်။ စိတ်လှုပ်ရှားတာတွေ၊ နာကျင်တာတွေကြောင့် သွေးပေါင်ချိန်တာလာနိုင်တယ်။ 

အရေးကြီးတာက နှလုံးရောဂါရှိသောအမျိုးသမီးများအနေဖြင့် သေချာဂရုမစိုက်မိလျင် ကိုယ်ဝန်ပျက်ကျနိုင် ပါတယ်။ ကလေးမွေးလာရင်လည်း မွေးရာပါချိုတဲ့ခြင်း၊ အလေးချိန်မပြည့်ခြင်း၊ ကလေးအသေမွေးခြင်းတွေ ခံစားရတတ်ပါတယ်။ဒါကြောင့် နှလုံးရောဂါကိုယ်ဝန်ဆောင်တွေအနေနဲ့ အနားယူချိန်ကောင်းကောင်းပေးပါ။ ကိုယ်အလေးချိန်ကို အမြဲချိန်ပေးပါ။စိတ်ပျော်ရွင်စွာနေဖို့က အရေးကြီးပါတယ်။ ဆေးလိပ်၊အရက်နှင့် ဆရာဝန် မညွန်ကြားထားတဲ့ ဆေးတွေကို မသောက်ပါနဲ့နော်။အားလုံးကျန်းမာကြပါစေ။

Source : youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။