Myanmar Idol အစီအစဉ် ၃ ကတော့တကယ့်ကို တစ်ခမ်းတစ်နားနဲ့ ပွဲရဲ့ တန်ပိုအမြင့်ဆုံးအချိန်ကိုရောက်ရှိလို့လာပါပြီ ပရိသတ်ကြီးရေ။စံကာတင် ၁၁ ယောက်မှာ Top ၃ အဆင့်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးဒီတစ်ပတ်ရဲ့ Myanmar Idolအစီအစဉ်ကနေ နှုတ်ဆက်ထွက် ခွာ သွားရသူကတော့Pantene Wild Cardနဲ့ပြိုင်ပွဲကိုပြန်လည်ဝင်ရောက်ခဲ့တဲ့ ဇော်ကြီးက နှုတ်ဆက်ထွက်ခွာသွားရတာပဲဖြစ်ပါတယ်။

ဇော်ကြီးကတော့ဒီတစ်ပတ်ရဲ့ နှုတ်ဆက်ထွက်ခွာ သွားရတဲ့ အခြေအနေကိုရင်ဆိုင်ခဲ့ရတာဖြစ်ပြီးဇော်ကြီးရဲ့ Myanmar Idolအစီအစဉ်တစ်လျှောက် ကြိုးစားအားထုတ်ခဲ့ပြီး သီဆိုဖျော်ဖြေမှုတွေကိုတော့ပရိသတ်တွေမြင်တွေ့ခဲ့ရတဲ့အတိုင်းပါပဲ။ဇော်ကြီးရဲ့ နှုတ်ဆက်ထွက်ခွာသွားရတာနဲ့ပတ်သတ်ပြီး ပရိသတ်တွေစိတ်မကောင်းဖြစ်ခဲ့ကြပြီး ယခုအခါမှာတော့ တေးသံရှင်အဆိုတော်အိမ့်ချစ်ကတော့ ဇော်ကြီးရဲ့စိတ်ဓာတ်ဟာ အနုပညာလောကအတွက် လိုအပ်တယ်လို့ထောက်ပြပြောဆိုလိုက်တာဖြစ်ပါတယ်။

တေးသံရှင်အိမ့်ချစ်ရဲ့ လူမှုကွန်ယက်ပေါ်မှာတော့ "ဇော်ကြီး မှာ professional ဆန်တဲ့

ခံနိုင်ရည်စွမ်းတွေရှိနေတာကို သူ့ရဲ့

အပြုံးတစ်ချက်တည်းနဲ့တင် သိလိုက်ရပြီ..!!

အဲ့စိတ်ကအနုပညာလောကထဲဝင်ဖို့အတွက်

အလိုအပ်ဆုံးစိတ်ဓာတ်ပဲ ..!!"ဆိုပြီး ရေးသားဖော်ပြထားတာတွေ့ရပါတယ်။ဇော်ကြီးရဲ့ ပရိသတ်တွေအနေနဲ့လည်း

အိမ့်ချစ်ရဲ့ ရေးသားထားတဲ့အပေါ်မှာ တကယ့်ကို ထပ်တူကျလိမ့်မယ်လို့ထင်ပါတယ်။ပရိသတ်တွေအနေနဲ့လည်းထင်မြင်ချက်လေးတွေကို စကားလက်ဆောင်လေးတွေ ရေးသားခဲ့ကြဖို့မမေ့နဲ့အုံးနော်...

သတင်းအရင်းအမြစ်-အိမ့်ချစ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။