မြန်မာပြည်သိန်းတန်ဟာ မြန်မာနိုင်ငံရဲ့ ဝါရင့်အဆိုတော်တစ်ဦး ဖြစ်သလို လက်ရှိ မြန်မာနိုင်ငံရဲ့ ဂီတလောကကို အုပ်စိုးထားနိုင်သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ လူကြည့်အများဆုံး TV အစီအစဉ်တစ်ခုဖြစ်တဲ့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ အစီအစဉ်မှာ အရေးပါလှတဲ့ ဝါရင့်အဆိုတော် ဒိုင်တစ်ဦးဖြစ်သလို လက်တွေ့ကျတဲ့ အရည်အချင်း နဲ့ အကြံညဏ်တွေကို ပေးနိုင်သူလည်းဖြစ်ပါတယ်။

သူ ဖြတ်သန်းလာတဲ့ အသက်တမျှ ဂီတလောက အတွေ့အကြုံတွေနဲ့ အတူ အနုပညာမျိုးဆက်သစ်တွေကို ဝေဖန်အကြံပြု မွေးထုတ်ပေးနိုင်သူ ဝါရင့် အနုပညာရှင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ ခေတ်ရှေ့ပြေးတဲ့ ဖက်ရှင်လ်တွေနဲ့ အတူ ပရိသတ်တွေကို အံသြဘနန်းဖြစ်စေသူလည်း ဖြစ်သလို မရိုးနိုင်တဲ့ ဖက်ရှင်လ်တွေကို မထပ်အောင် ဝတ်ဆင်နိုင်သူလည်းဖြစ်ပါတယ်။

သူ့ကို လေးစားအားကျရတဲ့ ပရိသတ်တွေဟာလည်း ထုနဲ့ ဒေး မရေတွက်နိုင်အောင် အများကြီးရှိသလို လက်ရှိမှာ အွန်လိုင်းမီဒီယာတွေကနေ စိတ်ဝင်တစားဖြစ်နေရတဲ့ မြန်မာပြည်သိန်းတန်ကို လေးစားအားကျပြီး မြန်မာပြည်သိန်းတန်လို ဝတ်စားဆင်ယင်တဲ့ ကလေးလေး တစ်ယောက်ကို ဖော်ပြလိုက်ရပါတယ်။ မြန်မာပြည်သိန်းတန်ကို အရမ်းကြိုက်နှစ်သက်သလို " ဦးဦးသိန်းတန်ကိုသူကအရမ်းကြိုက်တယ်အဲလိုဝတ်ချင်တယ် " လို့ အုပ်ထိန်းသူတွေကို ပူဆာလို့ချုပ်ပေးရတာ လို့ ဆိုလိုက်ပါတယ်။ ဦးသိန်းတန်ရဲ့ real fanလေး ဖြစ်သလို ဦးသိန်းတန်ရဲ့အိုက်တင်တွေကို ချွတ်စွတ် အတုခိုးတတ်တဲ့ ဒီသားလေး ကို ချစ်ကြမယ် ထင်ပါတယ်နော်။

source: Zarni Aung ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။