ကမ္ဘာကျော်ပေါ့ခ် အဆိုတော် တစ်ဦးဖြစ်တဲ့ Rihanna ဟာ 1988ခုနှစ် ဖေဖော်ဝါရီလ (၂၀) ၇က်နေ့မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ အသက်(၃၀) နှစ် ရှိပြီဖြစ်ပါတယ်။ Barbadian လူမျိုး အဆိုတော် တစ်ဦးဖြစ်ပြီး 2003 ခုနှစ်ကနေ စတင်လို့ producer Evan Rogers လက်အောက်ကနေ တိတ်ခွေခေတ်လက်ထက် ကတည်းက အသံသွင်းကာသီချင်းတွေ သီဆိုခဲ့တာဖြစ်ပါတယ်။

သူမရဲ့ Single ablum သီချင်းတွေ ဖြစ်ကြတဲ့ "Umbrella", "Take a Bow", "Disturbia", "Only Girl (In the World)", "S&M", "We Found Love", "Diamonds", "Stay" နဲ့ "Work" သီချင်းတွေဟာ ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များ ရေပန်းစားခဲ့သလို လက်ရှိမှာ သူမရဲ့ ပိုင်ဆိုင်မှုဟာအမေရိကန် မီလီယံသန်းပေါင်း( US$230 million) ချမ်းသူတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

British နိုင်ငံထုတ် Vogue’s မဂ္ဂဇင်းရဲ့ September issue မှာ နှစ်ပေါင်း(102 )နှစ် အတွင်း တစ်ခါမှ မဖော်ပြခဲ့ဖူးတဲ့ ပထမဆုံး လူမဲအမျိုးသမီး တစ်ယောက်ရဲ့ အောင်မြင်ကျော်ကြားသူတစ်ဦး အဖြစ် Cover မှာ Rihanna ကို ဖော်ပြခဲ့ပါတယ်။ သူမရဲ့ မိတ်ကပ် အပြင်အဆင်ကိုတော့ makeup Artist တစ်ဦးဖြစ်တဲ့ Isamaya Ffrench ကပြင်ဆင်ထားပေးသလို သူမရဲ့ မျက်နာ အနေအထားမှာ ထင်ရှားအောင် 1990ခုနှစ်လောက်က ခေတ်စားခဲ့တဲ့ pencil-thin eyebrows မျက်ခုံးမွှေး စတိုင်လ်ကို ဆွဲထားပေးတာဖြစ်ပါတယ်။ သူမရဲ့ မိတ်ကပ်အပြင်အဆင်နဲ့ လိုက်ဖက်တဲ့ ပန်းအပြင်ဆင်တွေကိုတော့ flower artist Azuma Makotoက ဖန်တီးပေးထားပါတယ်။ British Vogue မဂ္ဂဇင်းရဲ့ Editor-in-Chief ဖြစ်တဲ့ Edward Enninfulရဲ့ ဖန်တီးမှုတွေနဲ့ ပေါင်းစပ်ထားတဲ့ ဒီSeptember issue cover ဖန်တီးမှု ဟာ မြင်တွေ့နေရ ပုံစံလေးတွေနဲ့ ကွဲပြားတာကြောင့် ပရိသတ်တွေကြား ကမ္ဘာကျော် ရေပန်းစားခဲ့ရပါသေးတယ်။

source: Vogue’s ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။