ယခုအချိန်မှာကစားတဲ့ ပီအက်ဂျီအသင်းနဲ့ မိုနာကို အသင်းတို့ပွဲမှာတော့ ပီအက်ဂျီအသင်းကမိုနာကို အသင်းကို 4-0နဲ့ အနိုင်ရရှိပြီး ပြင်သစ်စူပါဖလားကို ရရှိခဲ့ပါတယ်။ PSGကတော့ သူတို့တစ်ရာသီအတွင်း လီဂူးဖလားအပါအဝင်ဒုတိယမြောက်ဖလားကို သိမ်းပိုက်သွားနိုင်ခဲ့ပါတ်။ပြင်သစ်ရဲ့တန်ဖိုးကြီးတဲ့ ဖလားနှစ်လုံးစလုံးကို ရယူသွားခဲ့ပါတယ်။

PSGကတော့ အဓိကကစားသမားတွေဖြစ်တဲ့ ဘူဖွန် ဒီမာရီယာ ဆေးဗား စတဲ့ အဓိကကစားသမား ၅လောက်နဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။မိုနာကိုကလဲ အဓိက ကစားသမားတွေနဲ့ ထွက်ခဲ့ပေမဲ့ အခုလို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ဒီမာရီယာက ၂လုံးသွင်းပေးခဲ့ပြီး အဆိုပါပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ရရှှိခဲ့ပါတယ်။ 

PSGကစားသမားသစ်ဘူဖွန်ကတော့ ကစားသမားသစ်ဘဝမှာ ဆုဖလားအသစ်ကို စောစောစီးစီး ကိုင်မြောက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဘာလုံးပွဲတွေမကျင်းပသေးတဲ့ ယနေ့လိုနေ့မှာတော့ PSGနဲ့ မိုနာကိုတို့ပွဲက ဘောပွဲငတ်နေတဲ့ ပရိသတ်တွေအတွက်တော့ စိတ်ကျေနပ်ခဲ့ရပါတယ်။အဆိုပါပွဲကို ပြင်သစ်ကပရိသတ်တွေ ကွင်းလုံးပြည့်လျှံအောင် အားပေးခဲ့ပါတယ်။

SOURCE  psg 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။