ပရိသတ်အချစ်တော်သင်ဇာနွယ်ဝင်းရဲ့သားလေးကတော့ တကယ့်ကိုချစ်မွေးပါတယ်တဲ့ ကလေးလေးတစ်ယောက်ပဲဖြစ်ပါတယ်။စတင်မွေးဖွားလာချိန်ကတည်းက ဝဝကစ်ကစ်လေးနဲ့ ပရိသတ်တွေအားလုံးရဲ့အချစ်တွေကိုသိမ်းပိုက်နိုင်ခဲ့သူလေးပဲဖြစ်ပါတယ်။တစ်နေ့တ စ်ခြားပိုပိုပြီးချစ်ဖို့ကောင်းလာတဲ့သားသားလေးကိုပရိသတ်တွေအများကြီးချစ်ပေးလို့လည်းမေမေသင်ဇာနွယ်ဝင်းတစ်ယောက်အရမ်းကိုပျော်ရွှင်ဂုဏ်ယူနေရမယ်ပါတယ်။

ဒီနေ့မှာလည်း သားသားလေးတစ်ယောက် မေမေနဲ့အတူကစား ကွင်းသွားခွင့်ရလို့အရမ်းကိုပျော်ရွှင်နေပြန်ပါတယ်။သားသားလေးရဲ့ ကျောင်းကအပြန်ကစားကွင်းကိုမေမေကလိုက်ပို့ပေးခဲ့တာပဲဖြစ်ပါတယ်။သင်ဇာနွယ်ဝင်းရဲ့လူမှုကွန်ယက်မှာလည်း" peach lay ကျာင်းပြီးလို့ ကစားကွင်းလိုက်ပို့ပေးတာ သားလေးကမဆော့တက်သေးလို့ မေမေပဲဆော့ခဲ့တယ်"ဆိုတဲ့စာလေးနဲ့အတူ ကြည်နူးစရာကောင်းတဲ့သားမိနှစ်ယောက်ရဲ့ဓာတ်ပုံလေးတွေမျှဝေထားတာပဲဖြစ်ပါတယ်။

သင်ဇာနွယ်ဝင်းကတော့အိမ်ထောင်ရေးမှာလည်းကံကောင်းသလို ပရိသတ်တွေရဲ့မလျော့သောအချစ်တွေနဲ့သူမရဲ့မိသားစုလေးအပါ်ပါချစ်ပေးနေကြတာကြောင့်နေ့ရက်တိုင်းစိတ်ချမ်းသာပျော်ရွှင်နေတာပဲဖြစ်ပါတယ်။စိတ်ပျိုကိုယ်နုဆိုသလိုပျော်ရွှင်မှုတွေနဲ့နေ့ရက်တိုင်းဖြတ်သန်းနေရတဲ့သူမကတော့အရင်ကထက်ကိုနုပျိုလှပလာပါသေးတယ်နော်။ပိုပိုပြီးလှလာတဲ့မေမေနဲ့ပိုပိုပြီးချစ်ဖို့ကောင်းလာတဲ့ သားသားလေးတို့ရဲ့ပုံရိပ်လေးတွေကိုလည်းပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - သင်ဇာနွယ်ဝင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။