လက်ရှိပဲခူးမှာဖြစ်နေတဲ့ ရေဘေးအတွက် အနုပညာရှင်တော်တော်များမျာျးကလည်း သွားရောက်ကူညီ တာကိုလည်း ပရိသတ်ကြီးလည်း မျက်မြင်ပါပဲ။ ဒီထဲမှာလည်း နာမည် ကျော် Miss တစ်ဦးလည်းဖြစ် မော်ဒယ်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ မိုးစက်ဝိုင်တစ် ယောက် သူမရဲ့ပရဟိတအသင်းလေးဖြစ်တဲ့ MyanmarsHeart အဖွဲ့နဲ့အတူ ရေဘေးသင့် ပြည်သူတွေကို သွားရောက်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

သူမနဲ့အတူ နာမည်ကျော်မော်ဒယ်သရုပ်ဆောင်တွေဖြစ်တဲ့ ထွန်းကိုကို၊ ခါရာနဲ့ အောန်ဆိုင်း တို့က အတူတူပါဝင်ကူညီပေးခဲ့ကြတာပဲဖြစ်ပါတယ်။ တကယ်လိုအပ်နေတဲ့နေရာတွေကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ကူညီပေးကြတဲ့ ပရဟိတစိတ်ဓာတ်လေးတွေကတော့ တကယ်ကိုလေးစားစရာပါပဲ။ ပရဟိတဆိုတာ နှလုံးသားကြီးမြတ်တဲ့သူတွေမှ လုပ်နိုင်တဲ့ အရာဖြစ်တာကြောင့် သွားရောက်လှူဒါန်း သူတွေဟာ တကယ်ကိုလေးစားစရာကောင်းလွန်း ပါတယ်။

သူမတို့သွားရောက်လှူဒါန်းခဲ့တဲ့အကြောင်းလေးကို " မနေ့ကသူငယ်ချင်းမိုးစက်ဝိုင်ရဲ့ MyanmarsHeart မြန်မာ့နှလုံးသားပရဟိတအသင်းနဲ့အတူ ပဲခူးမှာကြုံတွေ့နေရတဲ့ ရေဘေးသင့် သူများ အတွက် တဖက်တလှမ်းကတတက်နိုင်သလောက် အလှူငွေနဲ့ အစား သောက်များလှုဒါန်း ပေးခဲ့ပါတယ် အကူညီလိုတဲ့နေရာတွေကတော့အများကြီးပါပဲ ဒါပေမယ့် တတ်နိုုင်တဲ့နေရာမှာ သူငယ်ချင်းတွေနဲ့စုပီးအတတ်နိုင်ဆုံးကူညီပေးခဲ့တာပါ ရေဘေးသင့် ပြည်သူတွေလဲအမြန်ဆုံး ဒီအခက်အခဲကနေလွတ်မြောက်ပါစေလို့ဆုတောင်းပေးရင်း အလှူ ရှင်များလဲအများကြီးလာရောက်ကူညီပေးဖို့မျှော်လင့်ပါတယ် " ဆိုပြီး မော်ဒယ်သရုပ် ဆောင် အောန်ဆိုင်းက သူမရဲ့ Facebook မှာ ဝေမျှထားတာပဲဖြစ်ပါတယ်။ ကြည်နူးစရာ ကောင်းတဲ့ အလှူပုံရိပ်လေး တွေကို ပရိသတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါ တယ်။

Photo - Awn Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။