ကချင်ပြည်နယ် စစ်ဘေးသင့်ပြည်သူတွေကို ကိုယ်တိုင်သွားရောက်၍ စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးခဲ့တဲ့ မော်ဒယ်လ်လုလုအောင်

ပြေပြစ်လှပတဲ့ ကိုယ်ခန္ဓာအချိုးအစားကြောင့် ပုရိသအမျိုးသားတွေကြား ရေပန်းစားလျက်ရှိနေတဲ့ ဓာတ်ပုံမော်ဒယ် လုလုအောင်ဟာ ကချင်ပြည်နယ် စစ်ဘေးသင့်ဒေသများသို့ ကိုယ်တိုင်သွားရောက်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ဘေးသင့်ဒေသတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ခဲ့တော့ သူတို့တွေရဲ့အခက်အခဲတွေကို သေချာ သိခဲ့ရတယ်။ သူတို့အတွက်လိုအပ်ချက်တွေကလည်း အမြဲတမ်းရှိနေတယ်။ ကျွန်မကတကယ်လိုအပ် နေတဲ့သူတွေနဲ့ တကယ်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို ပေါင်းကူးပေးတဲ့ စေတနာ့ဝန်ထမ်းလုပ်ပေးတယ်။ ကိုယ်ကိုယ်တိုင်လည်း အချိန်ရရင်ရသလို သွားဖြစ်ပါတယ်။ အဲဒီဒေသတွေမှာ တကယ်လုပ်နေတဲ့ ကျွန်မရဲ့ သူငယ်ချင်းတွေရဲ့ ဦးဆောင်မှုတွေနဲ့ သူတို့အတွက် လိုအပ်တာလေးတွေကို တတ်နိုင်သမျှကူညီပေးဖြစ်နေပါ တယ်”လို့ ပြောပြခဲ့ပါတယ်။

ကချင်စစ်ဘေးရှောင်ပြည်သူတွေရဲ့ အဓိကလိုအပ်ချက်တွေကိုလည်း “သူတို့ရဲ့အခက်အခဲတွေကတော့ အခုလို ဆောင်းရာသီဆိုရင်အရမ်းအေးတယ်။ စောင်နဲ့အနွေးထည်တွေ အဓိကလိုအပ်တယ်။ စစ်ရှောင်စခန်းဒေသ တွေမှာ တဲလေးတွေလုပ်ပြီးနေတယ်။ အဲဒီအနီးအနားမှာ စစ်ဖြစ်ပြန်ပြီဆိုရင် နောက်တစ်နေရာကို ထပ် ပြောင်းရွှေ့ရတယ်။ သူတို့အတွက်အိပ်စရာနဲ့ နေရတဲ့နေရာတွေကလည်း အခက်အခဲရှိပါတယ်။ တကယ် လို့စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆက်သွယ်လှူဒါန်းချင်တယ်ဆိုရင် ကျွန်မရဲ့ facebook မှာ ဘဏ် အကောင့်ရှိပါတယ်။ အဲဒီဘဏ်အကောင့်ကဖြစ်ဖြစ်၊ အိမ်တိုင်ရာရောက်သွားရောက်လှူဒါန်းချင်တယ်ဆိုရင် လည်း ဆက်သွယ်ရမယ့်နေရာတွေကို ကျွန်မရဲ့ကိုယ်ပိုင် facebook အကောင့်မှာရှာကြည့်နိုင်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းချင်တဲ့ သူတွေအတွက်ကိုတော့ ရှမ်း၊ကချင်ဆက်စပ်နေတဲ့ တချို့နေရာ တွေက သွားလို့လွယ်ကူပေမဲ့ ကျွန်မဒီဇင်ဘာတုန်းကသွားခဲ့တဲ့ နေရာမျိုးဆိုရင်တော့ အတော်ကို ဝေးလံ ခေါင်ပါးတယ်” လို့ဖွင့်ဟခဲ့ပါတယ်။

Source: LuLu Aung

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။