လင်းလင်းနဲ့ချစ်သုဝေတို့ရဲ့ အသဲကျော်လေးတွေဖြစ်တဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ကတော့ ဖေဖေမေမေတို့သာမက ဖေဖေ မေမေတို့ကိုချစ်ခင်အားပေးတဲ့ ပရိသတ်တွေပါ တုန်နေအောင်ချစ်ရတဲ့ကလေးလေးတွေပဲ ဖြစ်ပါတယ်။ချစ်မွေးပါတဲ့သူတို့လေးတွေကမွေးဖွားချိန်ကတည်းက ဒီနေ့အထိ တစ်နေ့ထက်တစ်နေ့ပိုပိုပြီးချစ်ဖို့ကောင်းလာကြတာဖြစ်ပြီး လက်ရှိလူမှုကွန်ယက်မှာလည်း အမျိုးမျိုးသောချစ်စရာပုံစမ်းလေးတွေနဲ့ ပရိသတ်တွေရဲ့ နှလုံးသားတွေကို ဖမ်းစားနေခဲ့တာပဲ ဖြစ်ပါတယ်။  

ဒီတစ်ခေါက်မှာလည်း ချစ်စရာကောင်းတဲ့ ခေတ်လေးရဲ့ ချစ်စရာကောင်းတဲ့ အိုက်တင်လေးတွေကို တင်ဆက်ပေးချင်ပါတယ်။ခေတ် လေးကတော့ ဖေဖေမေမေတို့ရဲ့ ခြေရာကိုအမှီလိုက်မယ့်သူလေးဆိုတာ ဒီဗီယိုလေးကြည့်ရင်ပရိသတ်တွေ ခန့်မှန်းနိုင်လောက်မယ် ထင်ပါတယ်။ချစ်စရာကောင်းတဲ့သမီးလေး ခေတ်ကတော့ ၃စက္ကန့်အတွင်းမှာ မတူညီတဲ့ အိုက်တင် ၃မျိုးကို လက်တန်းလုပ်ပြသွားခဲ့ တာပဲ ဖြစ်ပါတယ်။ 

အသက်ငယ်ငယ်လေးနဲ့ အိုက်တင်ကောင်းချက်ကတော့ ကမ္ဘာကျော်မင်းသမီးကြီးတွေတောင်အရှုံးပေးရလောက်ပါတယ်နော်။မေ မေချစ်သုဝေကတော့ သမီးလေးတွေရဲ့ အမှတ်တရဖြစ်ဖွယ်ဓာတ်ပုံလေးတွေဗီဒီယိုမှတ်တမ်းလေးတွေလူမှုကွန်ယက်မှာမျှဝေနေကြအတိုင်းခေတ်လေးရဲ့ ၃စက္ကန့်အတွင်း အိုက်တင် ၃မျိုးလုပ်ပြခဲ့တဲ့ ချစ်စရာသမီးလေးခေတ်ရဲ့ ဗီဒီယိုင်လေးကိုလည်း တင်လိုက်တာကြောင့် ပရိသတ်တွေအားလုံးအသဲတယားယားနဲ့အချစ်တွေပိုခဲ့ရတာပဲ ဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်း အိုက်တင်ကောင်းသူ လေးခေတ်ရဲ့ဗီဒီယိုလေးဖိုင်လေးကိုလည်းပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - ချစ်သုဝေ  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။