ပရိသတ်အချစ်တော် မင်းသမီးချောလေး နန်းခင်ဇေယျာကတော့ လတ်တလောမှာ ပုဂံကိုရောက်ရှိနေပြီးလှပတဲ့ ပုဂံရဲ့နောက်ခံတွေနဲ့ ဓာတ်ပုံတွေကိုတော့ သူမရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဓာတ်ပုံလေးတွေကတော့ တကယ့်ကိုချစ်စရာကောင်းတဲ့ ဓာတ်ပုံလေးတွေပါပဲ။

သနပ်ခါးပါးကွက်လေးနဲ့ ရိုးရှင်းစွာလှနေသူလေးကတော့ ပုဂံမြို့သူလေးတစ်ယောက်လိုလှပနေတာတွေ့ရပါတယ်။ချစ်စရာကောင်းနေတဲ့ သူမရဲ့ ပုံရိပ်လေးတွေက တကယ့်ကိုနန်းဆန်လို့နေပါတယ်။သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ဒါဟာတို့တွေရဲ့ နှလုံးသား ဝိညာဉ်ပဲ"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ ပုဂံမြို့ကိုရောက်ရှိနေပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။ပုဂံမြို့မှာ လှပနေသူလေး နန်းခင်ရဲ့ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေသဘောကျမိမယ်လို့လည်းထင်ပါတယ်။သူမကိုချစ်တဲ့ ပရိသတ်တွေအနေနဲ့လည်း သူမပြောထားသလိုမျိုး ဒါဟာတို့တွေရဲ့ နှလုံးသား ဝိညာဉ်ပဲ လို့ပဲထင်ပါတယ်နော်...

သတင်းအရင်းအမြစ်-နန်းခင်ဇေယျာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။