ပရဟိတမင်းသမီးအဖြစ် ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ သရုပ်ဆောင်မင်းသမီးချော ခိုင်နှင်းဝေကတော့ ရေဘေးဒုက္ခခံစားနေကြရတဲ့ ပြည်သူတွေအတွက် အားကြိုးမာန်တတ် တတက်တအားပါဝင်ကူညီမှုများ ဆက်တိုက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက စက်လှေတွေနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာနဲ့ အခြားအစသုံးအဆောင်ပစ္စည်းများကို လှည့်လည်ပေးဝေနေတဲ့ သူမကတော့ လတ်တလောမှာလည်း အခက်အခဲတွေကြားက အိမ်တိုင်ရာရောက်လှူဒါန်းမှုများ ပြုလုပ်နေတာ တွေ့ရပါတယ်..။

လတ်တလော ကရင်ပြည်နယ် ဘားအံမြို့ နတ်ကျွန်းကျေးရွာလေးမှာ လှူဒါန်းမှုများပြုလုပ်နေပြီး ပြည်သူတွေရဲ့ စိုးရိမ်နေကြတဲ့ သောကမျက်နှာတွေကို အပြုံးပန်းတွေဆင်ပေးကာ အားပေးစကားလေးတွေလည်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်..။

ရေကြီးရေလျှံမှုများကြောင့် အခက်အခဲတွေကြားက စိုးရိမ်သောကများနေကြပေမယ့်လည်း ဧည့်ဝတ်ကျေပွန်လွန်းတဲ့ ရွာသားတွေရဲ့ ချစ်စရာကောင်းလွန်းတဲ့ ရိုးသားဖော်ရွေမှုလေးတွေအကြောင်းလည်း ပြောပြထားပါသေးတယ်..။

“ကျမသွားတော့ ကလေးတွေရောလူကြီးတွေရော ပျော်နေကြတာတွေ့တော့ စိတ်ချမ်းသာပြီး အမောကိုပြေသွားတာပဲ.. ကျမတို့တွေသွားတော့ သူတို့မှာမရှိရှိတာနဲ့ ဧည့်ခံရှာတယ်.. ရပါတယ်.. လွတ်လွတ်လပ်လပ်နေပါဆိုတာကို မရဘူး.. ကျမအပြန်ရေလမ်းကနေ သဗ္ဗာန်စီးပြီးပြန်ရမှာကို ဝိုင်းစိတ်ပူနေကြရှာတယ်.. ကျမ တို့ကသီချင်းတွေဆိုပြတော့ ပျော်လို့ဆိုပြီးကကြတယ်.. ဘယ်လိုတွေပဲ စိတ်ဆင်းရဲစရာတွေနဲ့ ဒုက္ခတွေရောက်နေပါစေ.. ခနလေးအချိန်အတွင်းမှာ စိတ်ခွန်အားတွေ ပြောပေးပြီး သူတို့ ခနလောက်ပျော်ရွှင်ရယ်မောနိုင်စေခဲ့ပါတယ်.. ကျမ သူတို့ကြောင့် ကြည်နူးခဲ့ရပါတယ်..” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

အခုလိုအလှူလေးကလည်း (၇)ရက်သားသမီးပရိသတ်တွေ လှူဒါန်းထားတဲ့ အလှူလေးဖြစ်လို့ ပါဝင်လှူဒါန်းခဲ့ကြတဲ့ အလှူရှင်ပရိသတ်တွေအတွက်လည်း ဝမ်းသာကြည်နူးပြီး သာဓုခေါ်ဆုတောင်းစကားလေးလည်း ပြောထားတာ တွေ့ရပါတယ်..။

Photo - ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။