ယောင်္ကျားလေးပရိသတ်တွေကြားရေပန်းစားနေတဲ့ မော်လ်ဒယ်မင်းသမီးချော သင်ဇာ ဝင့်ကျော်တစ်ယောက် သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန် ပါပြီ။ ခန္ဓာကိုယ် အချိုးအစားကျပြီး မိန်းကလေးတိုင်းအားကျရလောက်တဲ့ ဆွဲဆောင်မှုရှိ တဲ့ အမိုက်စား ကောက်ကြောင်းအလှတွေနဲ့ပုရိသတွေကိုရင်ခုန်အောင် ပြုစားတတ်သူလေး လည်း ဖြစ်ပါတယ်..။

သူမရဲ့ပုံရိပ်တွေဟာ ပရိသတ်တွေကြားမှာ အမြဲတမ်းရေပန်းစားခဲ့ပြီး လက်ရှိမှာလည်း သူမက Sexy Actress အဖြစ်နဲ့ ရပ်တည်နေတာ ပဲဖြစ်ပါတယ်။ အောင်မြင်တဲ့မင်းသမီး တစ်လက်အဖြစ်နဲ့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်နေခဲ့တာ အချိန်အတိုင်းအတာ တစ်ခုထိ ကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်ထိလည်း သူမကို အားပေးချစ်ခင်နေတဲ့ ပရိသတ် တွေက အများအပြားပါပဲ။

သူမရဲ့အဝါရောင်ဂါဝန်နဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေဟာ တကယ်ကိုကြွေချင်စရာကောင်းလွန်း နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်က မသန်စွမ်း ကလေးငယ်တွေကို အလှူသွားလုပ်ခဲ့ပါ သေးတယ်။ ဒီကလေးတွေကို သူမက စာနာသမားမှုအပြည့်အဝနဲ့ လှူဒါန်းခဲ့တာဖြစ်တယ် လို့လည်း ဆိုပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေနဲ့ ပရိသတ်ကို မိတ်ဆက် ပေးလိုက်ပါရစေ။

Photo - Thin Zar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။