Zombie Boy လို့အသိများကြတဲ့ အသက်(၃၂) နှစ်ရှိပြီ ဖြစ်တဲ့ မော်ဒယ်ဟာ 2018ခုနှစ် သြဂုတ်(၁) ရက်နေ့က သူ့ရဲ့ နေအိမ်မှာ သတ်ကြောင်းကြံစည်မှု ပြုလုပ်ကာသေဆုံးခဲ့ပါတယ်။ Zombie Boy နာမည်ရင်းမှာ Rick Genest ဖြစ်ပြီး မော်ဒယ်လ်တစ်ဦး၊ မင်းသားတစ်ယောက်၊ နဲ့ ဖက်ရှင်လ် ရှိူးတွေကို ဖန်တီးသူတစ်ယောက်ဖြစ်ပါတယ်။

Zombie Boyရဲ့ သေဆုံးမှု မှာ အရက်သေစာသောက်ဆုံးမှု နဲ့ မူးယစ်ဆေးဝါး သုံးစွဲခြင်းလုံး၀ မရှိကြောင်း Zombie Boyရဲ့မန်နေဂျာဖြစ်သူ Karim Leduc ကTMZ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ Zombie Boy ဟာ အလွန်အကောင်းမြင်တတ်တဲ့ positive mindset ရှိသူတစ်ယောက်ဖြစ်ပြီး "Monster Inside" လို့ ခေါ်တဲ့ သူ့ရဲ့ single projects အတွက် အာရုံစူးစိုက်မှုတွေအများကြီး ပြုလုပ်နေခဲ့တယ်လို့ဆိုရပါတယ်။

Zombie Boyမှာ စိတ်ကျဝေဒနာ ခံစားနေရတယ် ဆိုတာ လုံး၀ သတိမထားမိလောက်အောင် Zombie Boy ဟာ အနေအထိုင်တတ်သူတစ်ယောက်ဖြစ်ပြီး သူမသေဆုံးခင်ထိ သူစိတ်ခံစားချက်တွေကို စာအုပ်တစ်အုပ်အပေါ်မှာ ကဗျာတွေအဖြစ် ချရေးတတ်သူ ဖြစ်ကြောင်းဆိုလိုက်ပါတယ်။ သူဟာ မူးယစ်ဆေးဝါးလုံး၀ သုံးစွဲခြင်းမရှိသလို အသောက်ကင်းတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် ဒီလိုသတ်သေမှု အတွက် အံသြနမြော တသသ ဖြစ်ရကြောင်း ဆိုခဲ့ပါတယ်။Zombie Boyဟာ brain tumor ရောဂါ ကင်ဆာဝေဒနာကို ခံစားနေရပြီး သူ့အသက်ရှင်ဖို့ (၆) လသက်တမ်းသာ ကျန်ရစ်တော့ အချိန်ကို စောင့်ဆိုင်းနေရသူ ဖြစ်ပါတယ်။ သူရဲ့ ကျန်ရှိတော့ လူ့ဘဝသက်တမ်းကနေ သူ့ရဲ့ အောင်မြင်မှုတွေကို စွန့်ပစ်ပြီး မိမိကိုယ်ကိုကိုယ သတ်သေခဲ့တာဖြစ်ပါတယ်။ 

Zombie Boyဟာ fashion icon နဲ့ artist တစ်ယောက်လည်းဖြစ်သလို Lady Gaga'ရဲ့ stylist တစ်ယောက်လည်းဖြစ်ပါတယ်။ Lady Gaga ရဲ့ "Born This Way," သီချင်းမှာ လည်း ပါဝင်သရုပ်ဆောင်ခဲ့သလို ဒီသီချင်းမှာ ပါဝင်ခဲ့ခြင်းကြောင့် သူ့ကို international star တစ်ယောက်အဖြစ်နဲ့ သူရဲ့ ကိုယ်ပေါ်က တက်တူးလ်တွေကြောင့် ရယ် လူသိများလာခဲ့ပါတယ်။ ရက်ပါ အဆိုတော် Jay-Z's ရဲ့fashion label မှာ မျက်နာသစ် တစ်ဦး အဖြစ်လည်းပါဝင်ခဲ့ဖူးတစ်ယောက် ဖြစ်ပါတယ်။

source: https://www.nickiswift.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။