သရုပ်ဆောင်မင်းသမီးချောဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်ကတော့ ပြီးခဲ့ဲ့တဲ့ သြဂုတ်လ(၅)ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့အသက်(၄၅)နှစ်ပြည့် မွေးနေ့မှာ ရဟန်းခံသာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ပါတယ်..။

လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါးဆရာတော်ကျောင်းမှာ မွေးနေ့ကုသိုလ်အဖြစ် ဦးဇင်းရှင်အဂ္ဂနန္ဒ ဆိုတဲ့ ဘွဲ့နာမည်နဲ့ ရဟန်းခံရင်း ကောင်းမှုပြုကုသိုလ်ရေးလေးတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်..။

ဦးဇင်းရှင်အဂ္ဂနန္ဒအတွက် ဇနီးဖြစ်သူ ဒကာမကြီးဆုပန်ထွာကလည်း သတ်သတ်လွတ်ဆွမ်းချိုင့်တွေ နေ့တိုင်းပို့ဆောင်ပေးပြီး ပါရမီဖက်ဖြည့်ကောင်းအဖြစ် တစ်ဖက်တစ်လမ်းကနေ ပါဝင်ကုသိုလ်ယူနေတာ တွေ့ရပါတယ်..

လတ်တလောမှာတော့ ဦးဇင်း ရှင်အဂ္ဂနန္ဒဟာ ဝစီပိတ်အဓိဌာန်ဝင်နေတာဖြစ်ပြီး ဒကာမကြီး ဆုပန်ထွာကိုလည်း နောက်ရက်တွေဆွမ်းဂျိုင့်လာမပို့ဖို့ အဓိဌာန်စာရွက်လေးထုတ်ပေးကာ စာရေးပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်..။

“ဦးဇဉ်း (ရှင်အဂ္ဂနန္ဒ) ဆီသတ်သတ်လွတ်ဆွမ်းချိုင့်သွားပို့တော့ ဒကာမလေး ဝစီပိတ်အဓိဌာန်ဝင်လိုက်တာမို့နောက်ရက်တွေဆွမ်းဂျိုင့်လာမပို့နဲ့တော့လို့ စာလေးရေးပြီးပြောတယ်။ အဓိဌာန်စာရွက်လေးထုတ်ပေးတယ်..” လို့ ရေးသားထားပြီး ကြည်နူးမှုပီတိလေးတွေကို ဓာတ်ပုံလေးတွေနဲ့အတူ သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်..။

မင်းသမီးချောဆုပန်ထွာကလည်း ဦးဇင်းရှင်အဂ္ဂနန္ဒရဲ့ ကောင်းမြတ်တဲ့ ကုသိုလ်ရေးတွေကိုလည်း “ဦးဇင်း(ရှင်အဂ္ဂနန္ဒ)အေးချမ်းစွာတရားအားထုတ်နိုင်ပါစေ..” ဆိုပြီး သာဓုခေါ်ဆုတောင်းစကားလေး ပြောထားပါသေးတယ်..။

Photo - ဆုပန်ထွာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။