နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်မင်းသားကျော်ကျော်ဗိုလ်ကတော့ ဘုရားကျောင်းဆောင် ဆောက်လုပ်လှူဒါန်းဖို့အတွက် အလှူငွေများ လှူဒါန်းခဲ့ပါတယ်..။

ဓမ္မဂုဏ်ရည်ဆရာတော် ( ရွှေပြည်သာ ) တည်ထားမည့် “နဝင်းဓါတ်ဆောင်ဓိဋ္ဌာန်အောင် သဗ္ဗသုခဇယမင်္ဂလာစေတီတော်” ၏ ဘုရားကျောင်းဆောင် တဆောင်အတွက် အလှူငွေ သိန်း(၅၀)ကျပ်တိတိကို လှူဒါန်းလိုက်တာ ဖြစ်ပါတယ်..။

မွန်မြတ်တဲ့ သူတို့မိသားစုအလှူလေးကိုလည်း မင်းသားကျော်ကျော်ဗိုလ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ(၇)ရက်သားသမီးပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ဆရာတော်ကို အလှူငွေ ကပ်လှူနေတဲ့ ဓာတ်ပုံလေးနဲ့အတူ ပြန်လည်မျှဝေလိုက်တာ ဖြစ်ပါတယ်..။

သူ့ရဲ့အဲ့ဒီပို့စ်အောက်မှာတော့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောပေးထားကြတာလည်း တွေ့ရပါတယ်..။

သရုပ်ဆောင်မင်းသားကျော်ကျော်ဗိုလ်ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အတူ အောင်မြင်မှုတွေကိုရရှိထားသလို ချစ်ဇနီးချောလေးနဲ့အတူ သမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာ ဖြစ်ပါတယ်..။

ယနေ့လေးမှာတော့ သရုပ်ဆောင်မင်းသားကျော်ကျော်ဗိုလ်တို့ရဲ့ မွန်မြတ်ကောင်းမွန်တဲ့ မိသားစုအလှူပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက် တာမို့ သာဓုခေါ်ဆုတောင်းစကားလေးတွေ ပြောပေးသွားပါဦးနော်..။

Photo - ကျော်ကျော်ဗိုလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။