မြန်မာနိုင်ငံရဲ့ အလှအပဆိုင်ရာ Beauty Blogger တစ်ဦး ဖြစ်သလို လက်ရှိမှာ အနုပညာလောကထဲကို ပါဝင်ရောက်လာတဲ့ နေခြည်ဦးကတော့ မြန်မာနိုင်ငံရဲ့ မိန်းကလေးပရိသတ်တွေ အအားကျရဆုံး မိန်းကလေး လို့ဆိုရမှာပါ။ သူမရဲ့ Professional အလုပ်ဖြစ်တဲ့ အလှအပဆိုင်ရာ Beauty Blogger တစ်ဦးကနေ စတင်လာတဲ့ နေခြည်ဦးဟာ သူမရဲ့ အလှအပ ဆိုင်ရာ အကြံညဏ်ကောင်းတွေကိုသူမရဲ့ Beautybynaychi မီဒီယာထက်ကနေ အမြဲတမ်းမျှဝေပေးတတ်သူဖြစ်ပါတယ်။

မိန်းကလေးတွေ ပရိသတ်တွေ အများဆုံး ဝန်းရံခံရသူလေးဖြစ်ပြီး သူမရဲ့နေထိုင်မှု Life style ကလည်း တကယ့်ကို စတိုင်လ်ကျပြီး လှပသူလေးဖြစ်ပါတယ်။သူမဟာ Shiseido Myanmar နဲ့ ပူးပေါင်းလို့ Beauty Content ပွဲတစ်ခုအတွက် ဂျပန်နိုင်ငံ ၊ တိုကျိုမြို့ကို သြဂုတ်လ(၄) ရက်နေ့က ရောက်ရှိနေခဲ့သလို သူမရဲ့ ချစ်သူ ကောင်လေးပါ လိုက်ပါသွားခဲ့တာဖြစ်ပါတယ်။

တိုကျိုနိုင်ငံရဲ့ အမိုက်စား ရှူခင်းတွေနဲ့ အတူ အမြဲ ခေတ်ရှေ့ပြေးနေတဲ့ နေခြည့်ရဲ့ အမိုက်စားပုံရိပ်တွေကို မျှဝေခဲ့သလို ချစ်သူနဲ့ တိုကျိုမြို့က Tokyo DisneySea မှာ အတူတကွ လည်ပတ်ခဲ့တဲ့ ပုံတေါကို တင်ခဲ့သလို သူမနဲ့ အရမ်းလိုက်ဖက်တဲ့ boy friend ချောချောလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ နှစ်ဦးသားကြည်နူးနေသလို ချစ်သူရဲ့ ခါးကို ဖက်လှမ်းဖက်ပြီး ရယ်မောနေကြတဲ့ သူတို့ရဲ့ အချစ်ပုံရိပ်လေးတွေဟာ အမှန်တကယ်ကို အသက်ဝင်နေသလို အတူတူ အမှတ်တရ Selfie လေးကို လည်း ပြန်လည် တင်ထားတာတွေ့ရပါတယ်။ အနုပညာရှင် ဖြစ်တဲ့ အလျောက် တော်တော်များများ အချစ်ရေးကို လူသိမခံတာများပေမဲ့လည် းနေခြည်ဦးကတော့ ပေါ်ပေါ်တင်တင်နိုင်ငံကောျ် မိတ်ကပ် ပညာရှင်၊ သရုပ်ဆောင် အနုပညာရှင်ဖြစ်တဲ့ နေခြည်ဦးကတော့ သူမရဲ့ ချစ်သူကို အလင်းပြလိုက်ပြီ ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။