ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး ခေးဆက်သွင်ကတော့ MRTV-4 ဇာတ်လမ်းတွဲတွေကတစ်ဆင့် နာမည်ကြီးအောင်မြင်လာသူလေး ဖြစ်ပါတယ်။ သူမအနေနဲ့ Forver Group နဲ့လက်တွဲပြီး ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကမှာ နာမည်ရလာခဲ့တာ ဖြစ်ပါတယ်။ ခေးက ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် သူမပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကိုလည်း ပရိသတ်တွေက အားပေးကြတာ ဖြစ်ပါတယ်။

လတ်တလောမှာ သူမအနေနဲ့ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပြီး အခုလည်း ဇာတ်လမ်းတွဲသစ်တစ်ခုရဲ့ ကန်တော့ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ သူမရဲ့ပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ "4 Couples mini series " ဆိုတဲ့ဇာတ်လမ်းတွဲလေး ရိုက်ကူးရေးအတွက် ကန်တော့ပွဲပေးအခမ်းအနားကို ရွှေတိဂုံစေတီတော်မှာ ပြုလုပ်ခဲ့ပြီး ခေးက အစိမ်းရောင်မြန်မာဝတ်စုံလေးနဲ့ ယဉ်ကျေးလှပစွာ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ခေးက "ကျွန်တော်ဟာ မန္တလာသူ ရှမ်းမလေး တစ်ယောက်ဆိုတာ ယုံလား" ဆိုတဲ့စာသားလေးနဲ့အတူ တစ်မူထူးခြားစွာ လှနေတဲ့ သူမရဲ့အလှပုံလေးတွေကို တင်ထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှပတဲ့ဝတ်စုံလေးကိုတော့ A Tha Ri ကစီစဉ်ချုပ်လုပ်ပေးထားပြီး "ကန်တော့ပွဲအတွက် ဝတ်စုံကို အမြန်ဆုံး အလှဆုံးချုပ်ပေးတဲ့မမ ကျေးဇူးပါနော်" ဆိုပြီးလည်း ပြောခဲ့ပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မြန်မာဆန်သူလေး ခေးဆက်သွင်ရဲ့အလှပုံလေးတွေကို ကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source : Khay Sett Twin;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။