ပရိသတ်အချစ်တော်မင်းသားချောမင်းမော်ကွန်းရဲ့သမီးလေး လေပြေသွေးနဲ့ဝါရင့်ဇာတ်ပို့တစ်ဦးဖြစ်တဲ့ဦးအရိုင်းရဲ့သမီးလေး ပန်းနုပျိုမေတို့ကတော့ကမ္ဘာ့အလယ်မှာမြန်မာဆိုတဲ့ဂုဏ်ကိုဖော်ဆောင်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။သူတို့ကတော့ ရုရှားနိုင်ငံမှာကျင်းပတဲ့လူငယ်ပွဲတော်မှာ Live, Create, Dream ဟု အမည်ပေးထားတဲ့ အနုပညာပွဲတော်တစ်ခုလုံးဆိုင်ရာ အမြင့်ဆုံးဆုကြီးဖြစ်တဲ့ The Grand Prix Winner ဆုကြီးကိုဆွတ်ခူးရရှိခဲ့ကြတာပဲဖြစ်ပါတယ်။နိုင်ငံပေါင်း(၁၂)နိုင်ငံပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲကြီးမှာ အောင်နိုင် သူတွေအဖြစ်နဲ့ အမြင့်ဆုံး Winnerဆုကြီးကိုအပိုင်သိမ်းပြီး ပရိသတ်တွေချစ်တဲ့ မိဘတွေရဲ့ ဂုဏ်ကိုပါမက နိုင်ငံဂုဏ်ကိုပါဆောင်နိုင် ခဲ့ကြတာပဲဖြစ်ပါတယ်။

သူတို့လေးကတော့မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အဖွဲ့လိုက်သွား ရောက်ယှဉ်ပြိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကိုယ်စားပြု အဖွဲ့မှာတော့ နာမည်ကြီးဇာတ်မင်းသားကြီးဦးမိုးဝင်းရဲ့သားဖြစ်သူ နေမိုးဝင်းကလည်းပါဝင်ခဲ့တာပဲဖြစ်ပါတယ်။တခြားသောထူးချွန်တဲ့ မြန်မာလူငယ်လေးများနဲ့အတူ အင်တိုက်အားတိုက်သွားရောက်ယှဉ် ပြိုင်ကာ နိုင်ငံဂုဏ်ကိုဆောင်ပေးခဲ့ကြတာပဲဖြစ်ပါတယ်။

တကယ့်ကိုဝမ်းသာဂုဏ်ယူစရာသတင်းကောင်းလေးပဲဖြစ်ပါတယ်နော်။နိုင်ငံဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ ရင်သွေးငယ်လေးတွေအတွက်လည်း ပရိသတ်အချစ်တော်အနုပညာရှင်ဖေဖေမေမေများလည်း အရမ်းကိုဂုဏ်ယူဝမ်းမြောက်နေကြမယ်ထင်ပါတယ်။ပရိသတ်တွေ လည်းဝမ်းသာဂုဏ်ယူနိုင်စေရန် နိုင်ငံဂုဏ်ဆောင်ခဲ့တဲ့ အနာဂတ်ရဲ့ အာဇာနည်လောင်းလေးတွေရဲ့ ကြည်နူးပျော်ရွှင်ဖွယ်ပုံရိပ်လေးတွေ ကိုလည်းတင်ဆက်ပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - မြန်မာနိုင်ငံသဘင်အစည်းအရုံး 

Photo - Credit 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။