ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း ရှေ့ထုံးကိုမပယ်ရဆိုတဲ့စကားအတိုင်း ညအိပ်ရာမဝင်ခင် ခြေထောက်ဆေး ခိုင်တာဟာ ဟို…လူကြီးတွေပြောစကားတွေကိုကြားဖူးကြမှာပါ။ငယ်ငယ်တုန်းကဆိုရင်တော့ လူကြီးတွေဆေး ခိုင်းလို့ ဆေးနေရတယ် ဘာဖြစ်လို့လဲဆိုပြီး မမေးရဲခဲ့ဘူးလေ။ ခုမှသိလာရတယ် မျက်စီကြည်ပါသတဲ့။ ပြီးတော့ အတွင်းတိမ်ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။ အပူအခိုးငွေ့တွေခန္ဓာကိုယ်ထဲမှာရှိသမျှအပူတွေဟာ ခြေထောက်ဆေးလိုက်ခြင်းဖြင့် ကျန်းမာရေးကောင်းစေပါသတဲ့

ပြီးတော့ လူအများစုဖြစ်တတ်တဲ့ ညအိပ်နေတဲ့အချိန်မှာ ခေါင်းချွေးပြန်ခြင်း၊ သွားရည်ကျခြင်း၊ ပါးစပ်မှ ယောင် ပြီးဝါးနေခြင်း၊ သွားကျိတ်ခြင်း၊ ကယောင်ကတမ်းပြောခြင်း၊ တို့ကိုပျောက်စေပါတယ်။လူတွေမှာ ကိုယ်တွင်းမှ အပူများကို ခြေဖဝါးကနေ ထုတ်လေ့ရှိပါတယ်။ တစ်ကယ်လို့ ခြေဖဝါးမှ ချွေးမထွက်ပဲ ခြောက်သွေ့နေရင် ခြေဖ နောင့်အက်ကွဲခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ကိုယ်တွင်းအပူများသူများဟာ ဆံပင်လည်းကျွတ်တယ်၊ ဝမ်းလည်း ချုပ်တယ်၊ မျက်စီမှုန်တယ် စတဲ့ဆိုးကျိုးတွေကို ခံစားရစေပါတယ်။

ဒါကြောင့် ဒူးအောက်ပိုင်းကိုရေများများလောင်းပေးပါ၊ နောက်တစ်နည်းက ခြေဖဝါးမှာ ဆားပွတ်ပြီးလည်း အပူ တွေကိုထုတ်နိုင်ပါတယ်။ ဒူးအောက်ပိုင်းကိုရေလောင်းရင် အနည်းဆုံး ခုနှစ်ခွက်လောက် လောင်းပေးရပါမယ်။ ဒါမှ အခိုးအငွေ့ွတွေ ထွက်မှာဖြစ်ပါတယ်။ဒီနည်းလမ်းလေးကလူတိုင်းလုပ်နိုင်ပြီး ငွေလည်းမကုန် အချိန်လည်း မကုန် ဘယ်လောက်ကောင်းလိုက်တဲ့ ကျန်းမာရေးအတွက်နည်းလမ်းလေးနော်။ ကဲဒီစာကိုဖတ်ပြီးရင် ကိုယ်တစ်ယောက်တည်းတော့ မလုပ်နေနဲ့နော်။ ကိုယ်ပတ်ဝန်ကျင်က လူတွေကိုလည်းမျှဝေပေးပါအုန်း။

Source: Jolly 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။