လူရွှင်တောင်သရုပ်ဆောင် ကြာစိတစ်ယောက် ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရှင် ဘဝကိုထူထောင်ပြီးနောက်ပြီး ချစ်ဇနီးလေးနဲ့ မိသားစုဘ၀ ကို ပိုင်ဆိုင်ဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားပျော်ရွှင်နေခဲ့တာပဲဖြစ်ပါတယ်။ ကိုယ်ဝန်သက်တမ်း ရှစ်လရှိပြီဖြစ်တဲ့ ချစ်ဇနီးလေးဟာ မကြာခင်မှာပဲ ရင်သွေးလေးကို မွေးဖွားရတော့မှာဖြစ်ပါတယ်။ မမြင်ရ သေးတဲ့ ရင်သွေးလေးအတွက် ကြာစိတို့ဇနီးမောင်နှံနှစ်ယောက်လုံး ရင်ခုန်စိတ်လှုပ် ရှားနေကြပါတယ်။

ဖိုက်စတားလူရွှင်တော်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ပရိသတ်တွေကို ရယ်မောပျော်ရွှင် အောင် အမျိုးမျိုးစွမ်းဆောင်နိုင်ခဲ့တာကြောင့် နာမည်ရလာသူ တစ်ဦးလည်းဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှုကိုလည်း အပြည့်အ၀ ရရှိခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြာစိရဲ့ ဇနီးဖြစ်သူကို တစ်စုံတစ်ဦးက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ အောက်လမ်းပညာနဲ့ တိုက်ခိုက်ထားတာကြောင့် ဇနီးသည်မှာ ကိုယ်ဝန်အရင့်အမာနဲ့ စိတ်ဒုက္ခရောက်နေရတယ်လို့ဆိုပါတယ်။

ဒီအကြောင်းကို ကြာစိက " သီးခံနေခဲ့တာ များပြီ ဘယ်သူကိုမှမပြောဘူးလို့..နေခဲ့တာ မိန်းမ ကိုဝန် ၈လထဲရောက်လာပြီ..ကျန်းမာရေး ချုချာလွန်းတော့ မွေးဖို့အတွက် သူအားငယ်နေ ရှာတယ်..ခုထိလဲ မစားနိုင် မအိပ်နိုင် စားပြီးလဲ အန်လိုက်. ညဆို.မှေးခနဲ အိပ်ပျော်တာနဲ့ လန့်လန့်နေတယ် အိပ်ပျက်ညတွေ များပြီးသွေးပေါင်ကျ ဆေးခန်းနဲ့မပြတ် ဆေးထို့ရလွန်းလို့ လဲ ညိုမဲစွဲနေပြီ ဒါနဲ့..တစ်ချို့နားလည်သိတဲ့လူတွေကပြောလို့..လိပ်ပြာချုပ်လေး လုပ်ပေးပါဆို့ လို့ ဆရာပြမှ အောက်လမ်းလုပ်ထားတယ်တဲ့လေ ဪ လူတွေ လူတွေ ကိုယ့်ပြုသည့်ကံ ပဲ့တင်သံကိုယ့်ထံပြန်လာမည် ဒါကို မသိလေရော့မေတ္တာသုတ်လေးသာရွတ်ပြီး မေတ္တာ မပြတ် ပို့ပေးလျှက်ပါဗျာ " ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားခဲ့တာ ပဲဖြစ်ပါတယ်။ ဘယ်အရာကိုပဲလုပ်လုပ် ကိုယ်ချင်းစာတရားလေးနဲ့လုပ်မယ်ဆိုရင် အေးချမ်း မှုတွေရရှိပါလိမ့်မယ်။

Photo - Kyar Si

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။