သြဂုတ်လ 8 ရက်နေ့မှာ ဦးကျော်သူရဲ့ ဇနီးဖြစ်သူ ရွှေဇီးကွက်ကတော့ စိတ်ဓာတ်ခိုင်မာလွန်းသူ အမျိုးသမီးဖြစ်ပေမယ့် သူမရဲ့မျက်ရည်တွေ ကြွေကျခဲ့ရတဲ့နေ့ပါဘဲ ။

သူမရဲ့မိဘ နှစ်ပါးလုံးဟာ 88 အရေးခင်းမှာ ဆုံးပါးသွားခဲ့ကြတာ ဖြစ်ပြီး သူမအတွက်တော့ ဒီနေ့ဟာ တစ်သက်လုံး မမေ့နိုင်မယ့် နေ့တစ်နေ့လို့ ထင်ပါတယ် ။

ဦးကျော်သူက သူ့ဇနီးဟာ ဖခင်ဦးဌေးအောင်ဖေ၊မိခင်ဒေါ်တင်တင်လတ်တို့ ဆုံးပါးသွားစဉ်က တောင် မျက်ရည်မကျပဲတရားနဲ့ဖြေသိမ့်နိုင်ခဲ့ပေမယ့် ယနေ့ (၈၈)အနှစ်(၃၀)ပြည့် နေ့မှာ ကျဆုံးခဲ့ရတဲ့ ရဟန်းရှင် လူ၊ကျောင်းသားကျောင်းသူတွေအတွက်ရည်စူးပြီး လွမ်းသူ့ပန်း အလှကို ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း သွားရောက်ထားရှိပြီး အလေးပြုဦးညွှတ် မေတ္တာပို့အမျှဝေလိုက်စဉ် မထင်မှတ်ပဲ ရှိုက်သံကြားလို့မထင်မှတ်ဘဲ လှည့်ကြည့် မိလို က်တော့ ကျွန်တော့်ဇနီးရဲ့ ပါးပြင်ပေါ်မှစီးဆင်းလာသော မျက်ရည်စများကိုတွေ့ရှိလိုက် ရတယ်လို့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားဖော်ပြခဲ့ပါတယ် ။

နှစ်ပေါင်း ၃၀ ကြာခဲ့ပေမယ့် သူမရဲ့မိဘအရင်းတွေ ရဲ့နောက်ဆုံးနေ့ရက်ကိုတော့ သူမအနေနဲ့မေ့နိုင်မယ်မထင်ပါဘူး ။ သူမကျခဲ့တဲ့မျက်ရည်တွေအတွက် သူမဘေးကနေ ဖေးကူပြီး အားပေးနေတဲ့ ဦးကျော်သူရဲ့ ကြင်နာမှုတွေကိုလည်း အထင်သားမြင်တွေ့နေရပါတယ် ။

Source : Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။