ပေတစ်ရာလမ်းမကြီးပေါ်မှာ ၊ အင်းယားကန်ဘောင်ပေါ်မှာ ၊ အဓိပတိ လမ်းမပေါ်မှာ နိုင်ငံရေးယုံကြည်ချက်တစ်ခုအတွက် သွေးမြေကျခဲ့ကြတာ ဒီနေ့မှာ အနှစ်သုံးဆယ်တင်းတင်းပြည့်ခဲ့ပါပြီ။ရှစ်လေးလုံးအရေးတော်ပုံဟာ တစ်ပါတီအာဏာရှင်စနစ် ကို တစ်နိုင်ငံလုံးအနေအထားနဲ့ တော်လှန်ပြီး ဒီမိုကရေစီဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရကို ရရှိနိုင်ဖို့အတွက် ရဟန်းရှင်လူတွေရဲ့ အသက်သွေးချွေးတွေများစွာစတေးပြီး ပေးဆပ်ခဲ့ရတဲ့ မြန်မာ့သမိုင်းကြောင်းပေါ်က ပေးဆပ်မှုအကြီးမားဆုံး အရေးတော်ပုံတစ်ခုပါ ။ ဒီလို အရေးတော်ပုံကာလမှာ နာမည်မကြီးသေးတဲ့ တက်သစ်စ ဓာတ်ပုံပညာရှင်လေးတစ်ယောက် ဟာ ကင်မရာလေးတစ်လုံးကို ရင်မှာပိုက်ပြီး ရှစ်လေးလုံးအတွက် ပုံလေးတွေကို ကျဉ်ဆန်တွေကြားကနေ ရိုက်ကူးခဲ့ပါတယ်။

တင်နီလာဝင်း မေဝင်းမောင် မေသန်းနု ချစ်ချစ်ဇော်
စိုးသူ ၊ နေအောင်
ဆွေဇင်ထိုက်
အံ့ကျော် ဆွေဇင်ထိုက် အေးအေးသင်း
ဆရာကြီးဦးဝင်းဖေ

ပိတ်ဆို့တားဆီးထားတဲ့ အမှောင်ကာလကို ကျော်လွန်ခဲ့ပြီး အနှစ် (၃၀) တိတိပြည့်ခဲ့တဲ့ ဒီနေ့မှာတော့ အမှောင်ခေတ်မှာရိုက်ကူးခဲ့တဲ့ ဖလင်တိတ်သားပေါ်က ပုံလေးတွေဟာ အများပြည်သူတွေအတွက် သမိုင်းမှတ်တမ်းတစ်ခုဖြစ်ခဲ့ပါပြီ ။ဒီပုံလေးတွေကို 88 The Uprising photo exhibition ဆိုတဲ့ ဓါတ်ပုံပြပွဲမှာပြသထားတာပါ ။ ဒီပုံလေးတွေထဲမှာတော့ ပေတစ်ရာလမ်းမတွေပေါ်မှာ ပြည်သူတွေနဲ့ အတူ တစ်သားထည်းရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်တစ်ချို့ရဲ့ လှုပ်ရှားမှုမြင်ကွင်းတွေကိုလည်းတွေ့ရပါတယ်။ ဒီအနုပညာရှင်တွေထဲမှာ ယခုလက်ရှိအနုပညာနယ်ပယ်မှာထင်ရှားတဲ့ ငွေကြယ်ပွင့်တွေရော ပြည်ပရောက် အနုပညာရှင်တွေပါ ပါဝင်ကြတာကို တွေ့ရပါတယ်။အစာအငတ်ခံဆန္ဒပြကြသူတွေထဲမှာ နိုင်ငံကျော် ဟာသပညာရှင် ဦးဇဂနာ နဲ့ ဦးဇင်ဝိုင်းတို့ပါဝင်ခဲ့ပါတယ်။

ထွန်းထွန်းဝင်း၊ ဒါရိုက်တာ ဦးမောင်မောင်မြင့်
ပြေငြိမ်း
နန်းဝင်း ၊ ရဲစိန်
ဦးဇဂနာ နဲ့ ဦးဇင်ဝိုင်း

အမျိုးသားအနုပညာရှင်တွေထဲမှာ ရန်အောင်၊ စိုးသူ ၊ နေအောင်၊ပြေငြိမ်း ၊ ညွန့်ဝင်း ၊ ထွန်းထွန်းဝင်း၊ ဒါရိုက်တာ ဦးမောင်မောင်မြင့် အံ့ကျော် အစရှိသူတွေကိုတွေ့ရပြီး အမျိုးသမီး သရုပ်ဆောင်တွေထဲမှာတော့ တင်နီလာဝင်း မေဝင်းမောင် မေသန်းနု ချစ်ချစ်ဇော် ဆွေဇင်ထိုက် အေးအေးသင်း အစရှိတဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့ကြတဲ့ သရုပ်ဆောင်တွေကို တွေ့ရပါတယ်။ ရှစ်လေးလုံးဆိုတာ ကျဆုံးခြင်းတွေ ၊ သွေးချွေးတွေနဲ့ အဆုံးသတ်ခဲ့ပေမယ့် နောက်ဆုံးမှာ ပြည်သူတွေလိုလားတဲ့အတိုင်း တစ်ပါတီ အာဏာရှင်စနစ် ကို ဖြုတ်ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ အသက်အန္တရာယ်တွေကြားက ပြည်သူတွေနဲ့ တသားတည်းအတူ ရပ်တည်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေအတွက် ဂုဏ်ပြုစကားလေးတွေ ကို မှတ်ချက်မှာ ပြောကြားပေးခြင်းအားဖြင့် ပေးဆပ်မှုတွေကို အသိအမှတ်ပြုလိုက်ကြပါစို့ ။

Source - Htein Lin / Htein Win 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။