လက်တလောလူမှုကွန်ယက် ဆိုရှယ်မီဒီယာတွေအထက်မှာတော့ ၂နှစ်သားကလေးငယ်လေးရဲ့ အံသြစရာကောင်းတဲ့ ရေကူးစွမ်းရည် ကြောင့်ပရိသတ်တွေအားလုံးအံ့သြမှင်သက်ခဲ့ရပါတယ်။အဆိုပါကလေးကတော့ အသက် ၂ နှစ်အရွယ်သာ ရှိနေသေးပေမယ့် ရေကူးကန်ထဲမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ရေကူးခတ်နိုင်ပြခဲ့တဲ့ ဗီဒီယိုလေးဟာ လူမှုကွန်ယက်မှာ အရမ်းကိုရေးပန်းစားနေခဲ့တာပဲ ဖြစ်ပါတယ်။ 

အဆိုပါကလေးငယ်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ Feedytv အွန်လိုင်းလူမှု စာမျက်နှာပေါ်မှာတင်ခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှု့ သူအရမ်းကိုများသွားခဲ့တာပဲ ဖြစ်ပါတယ်။နာရီပိုင်းအတွင်းမှာ ကြည့်ရှု့သူသိန်းကျော်သွားခဲ့တဲ့ ကလေးငယ်လေးရဲ့ ဗီဒီယိုဖိုင်လေးက တော့ တကယ့်ကို ထူးခြားမှုတွေနဲ့ ပြည့်နှက်နေခဲ့တာပဲ ဖြစ်ပါတယ်။ကလေးငယ်လေးတွေဟာ ရေနဲ့ပတ်သတ်ရင် ကြောက်ကြပေမယ့် ဒီကလေးလေးကတော့ ရေကူးကန်ထဲမှာ ပျော်ရွှင်မြူးထူးစွာကူးခတ်နေတာကိုမြင်တွေ့ရပါတယ်။  

၂နှစ်သားလေးလို့တောင် မထင်ရတဲ့ကလေးလေးရဲ့ ရေကူးစွမ်းရည်တွေကလည်း တကယ့်ရေကူးချန်ပီယံတစ်ယောက်အလားပါပဲ။ မှောက်ခုံ၊ပလက်၊စတဲ့မတူညီတဲ့ ကိုယ်နေဟန်အထားတွေနဲ့ ပေါ့ပါးသွတ်လက်စွာ ကျွမ်းကျွမ်းကျင်ကျင် ကူးခတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကိုပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ၂နှစ်သားလေးရဲ့ရေကန်စွမ်းရည်တွေကိုလည်း တင်ဆက်ပေးလိုက်ပါ တယ်နော်။  

သတင်းအရင်းအမြစ် - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။