ကနေဒါနိုင်ငံ

ကနေဒါနိုင်ငံဟာလည်း အမျိုးသမီးတွေအတွက် လုံခြုံမှုအရှိဆုံး နိုင်ငံတွေအထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် ကနေဒါနိုင်ငံဟာ အမျိုးသမီးလုံခြုံရေးဝန်ထမ်းနဲ့ အမျိုးသားလုံခြုံရေးဝန်ထမ်းကို လစာတန်းတူပေးတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။( နိုင်ငံအများစုမှာ အမျိုးသမီးလုံခြုံရေးဝန်ထမ်းတွေဟာ ထိုက်သင့်တဲ့လစာထက် များစွာပိုပြီး အနှိမ်ခံရလေ့ရှိပါတယ်။) ကနေဒါနိုင်ငံဟာ လုံခြုံရေးဝန်ထမ်းမှ မဟုတ်ပါဘူး အခြားသော အလုပ်အကိုင်အခွင့်အလမ်းတွေမှာလည်း အမျိုးသမီးတွေကို ဦးစားပေးလေ့ရှိပါတယ်။

စင်ကာပူ

စင်ကာပူ နိုင်ငံရဲ့ ဥပဒေတွေဟာ အမျိုးသမီးတွေအတွက် လုံခြုံမှုဖြစ်စေပြီး နိုင်ငံတော်တရားစီရင်ရေး ကဏ္ဍဟာလည်းဒီ ဥပဒေတွေကို အကောင်အထည်ဖော်ပြီးအပြစ်ပေးတဲ့နေရာမှာ အရမ်းကိုတိကျသေချာပါတယ် ။ စစ်တမ်းတစ်ခုအရ အခြားနိုင်ငံက Single Mother တွေဟာစင်ကာပူနိုင်ငံရဲ့ ပွင့်လင်းလှတဲ့ယဉ်ကျေးမှု နဲ့ ကောင်းမွန်တဲ့စီးပွားရေးတို့ကြောင့် ပြောင်းရွှေ့အခြေချနေထိုင် လာကြတယ် လို့သိရပါတယ်။ ဒီလိုနိုင်ငံမျိုးဟာ အမျိုးသမီးတွေ သွားရောက်နေထိုင်လေ့လာ လည်ပတ်ရန်အတွက် အလွန်စိတ်ချရတယ်ဆိုတာ မဆန်းပါဘူး။

အိုက်စလန်

အိုက်စလန်နိုင်ငံဟာ ကျွန်းနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အိုက်စလန်နိုင်ငံရဲ့လူဦးရေဟာ သုံးသိန်းခန့်သာရှိတာဖြစ်ပြီး ကမ္ဘာပေါ်မှာ အငြိမ်းချမ်းဆုံးနိုင်ငံအဖြစ် သက်မှတ်ခြင်း ခံထားရပါတယ်။ အိုက်စလန်နိုင်ငံသားတွေဟာ အကြမ်းဖက်မှုတွေနဲ့ စစ်မက်ဖြစ်ပွားခြင်းကို လုံးဝမလိုလားကြဘဲ ငြိမ်းချမ်းစွာနေထိုင်သူတွေဖြစ်ကြပါတယ်။ ဒါကြောင့် အိုက်စလန် နိုင်ငံဟာလည်း အမျိုးသမီးတွေအတွက် လုံခြုံမှုအရှိဆုံး နိုင်ငံတစ်နိုင်ငံလို့ဆိုရမှာပါ။

ဖင်လန်

ဖင်လန်နိုင်ငံဟာ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူအခွင့်အရေးပေးတဲ့ ကမ္ဘာ့ ပထမဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ အကြောင်းကတော့ ဖင်လန်နိုင်ငံဟာ ဥရောပတိုက်မှာ အမျိုးသမီးတွေ အမျိုးသားတွေနဲ့တန်းတူ မဲပေးဖို့ခွင့်ပြုခဲ့တဲ ပထမဦးဆုံးသော နိုင်ငံဖြစ်ပါတယ်။ အခုဆိုရင်လည်း ဖင်လန်နိုင်ငံရဲ့ စီးပွားရေး/နိုင်ငံရေး ကဏ္ဍတွေမှာ ထက်မြက်လှတဲ့ အမျိုးသမီးတွေက ဦးဆောင်ဦးရွက်ပြုနေတာကို တွေ့ရှိရပါတယ် ။

ဒိန်းမတ်

ဒိန်းမတ်နိုင်ငံဟာ အမျိုးသမီးအခွင့်အရေးတင်မကဘဲ ပညာရေးနဲ့ ကျန်းမာရေးစောင့် ရှော က်မှု အခွင့်အရေးတွေ အလွန်ကိုကောင်းမွန်တဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေပါ သဘောကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လို့နေပါတယ်။

Source : listaka.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။