မောင်တောမြို့ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း မှ စိတ်ကြွဆေးပြားများပေါင်း ၄သန်းကျော်နှင့် လက်နက်များတွေ့ရှိ

မောင်တောမြို့ ရွှေဗဟိုရွာ၊ ရွှေဗဟိုကျောင်းမှ ကျောင်းထိုင်ဆရာတော်နှင့် အခြား တစ်ပါးကို ဖေဖော်ဝါရီ ၅ရက်က ဖမ်းဆီးခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြောသည်။

ဖမ်းဆီးရေးအဖွဲ့တွင် လိုက် ပါခဲ့သော ရဲအရာရှိတစ်ဦးက ‘‘ကားနဲ့ မူးယစ်ဆေးသယ်လာတာ ကို သတင်းအခိုင်အမာရရှိလို့ စောင့်ဖမ်းတာမှာ စိတ်ကြွဆေးပြားတွေ အရင်ဖမ်းမိတာပါ။ အဲဒီ ကနေ ကွင်းဆက်ဆက်ဖော်တဲ့အခါ ရွှေဗဟိုကျောင်းမှာထားတဲ့ စိတ်ကြွဆေးပြားတွေနဲ့ လက်နက်ခဲယမ်းတချို့ဖမ်းမိတာပါ။ ဆရာတော်နဲ့ သူ့လက်ထောက်ကို ဖမ်းထားတယ်။ အမှုကို အသေးစိတ် စစ်ဆေးနေတုန်းပါ’’ဟု ပြော သည်။မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က သတင်းအရ စောင့်ဆိုင်းနေစဉ် ဥူးပညာနန္ဒ (ခ) မင်းနိုင် မောင်းနှင်ပြီး ဦးအာ စာရ (ခ) အေးလွင် လိုက်ပါလာ သည့် ယာဉ်အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား လေးသိန်းနှင့် ငွေ များကို သိမ်းဆည်းရမိခဲ့သည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့ က ၎င်းတို့သီတင်းသုံးသည့် ရွှေ ဗဟိုဘုန်းကြီးကျောင်းအတွင်းသို့ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူး သွပ်ဆေးပြားများနှင့် လက်နက် အချို့ ထပ်မံသိမ်းဆည်းရမိခဲ့သည်။ စုစုပေါင်း စိတ်ကြွဆေးပြား ၄၂ သိန်းကျော်နှင့် ဗုံးသီးတစ်လုံး၊ သေနတ်ကျည်မျိုးစုံ ၉၄ တောင့်ကို ရဲတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့သည်။ အမှုကွင်းဆက်အရ ဒေသခံအရပ်သားတစ်ဦးကိုပါ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး သံဃာနှစ်ပါးကိုလည်း လူဝတ်လဲကာ အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအချုပ်တွင် ထိန်းသိမ်းစစ်ဆေးနေကြောင်း သတင်းရရှိသည်။

၂၀၁၅နှင့် ၂၀၁၆ အတွင်း ရန်ကုန်မြို့တွင် ဖမ်းမိသော စံချိန်တင်မူးယစ်ဆေးမှုများနှင့် ဆက်စပ်၍ ရခိုင်ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်အချို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ စံချိန်တင် မူးယစ်ဆေး ရောင်းဝယ်မှုများကို လည်း ရခိုင်ဒေသထွက်ပေါက် ပင်လယ်ရေပြင်ပိုင်နက်တွင် ပြုလုပ်လေ့ရှိကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်။ ယခုဖြစ်စဉ်သည်ရခိုင်ပြည်နယ် ဒေသတွင်း မူးယစ်ဆေးဝါးလောကတွင် လူအများလေးစားမှုရှိသော သြဇာရှိသံဃာတော်အချို့ ပါဝင်ပတ်သက်နေကြောင်း ပထမဆုံးဖော်ထုတ်နိုင်မှုဖြစ်သည်။ နေပြည်တော်ရှိရဲအရာရှိများကဦးဆောင်ကာ မေယုစစ်ဆင်ရေးအမည်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံချက်ကို ရခိုင်ပြည်နယ်တွင် ဖေဖော်ဝါရီ ၁ရက်က စတင်ပြုလုပ်နေသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။