ပရိသတ်အချစ်တော်မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းကတော့ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီးပရိသတ်အားပေးမှုတွေများစွာ ရရှိထားသူတစ်ယောက်လည်းဖြစ်ပါတယ်။သူမကတော့ အနုပညာအလုပ်တွေကိုဝါသနာပါရုံမကပဲ ခရီးသွားခြင်းကိုလည်း ဝါသနာပါသူတစ်ယောက်လည်းဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ သူမဟာ ဗီယက်နမ်နိုင်ငံကိုရောက်ရှိနေပြီး သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုသူမရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဓာတ်ပုံလေးတွေကတော့ ဆယ်ကျော်သက်လေးတွေလို နုပျိုလှပနေပြီး ချစ်စရာကောင်းနေတာကတော့အမှန်ပါပဲပရိသတ်ကြီးရေ။

လတ်တလောမှာ ဗီယက်နမ်ကိုရောက်ရှိနေပြီး အနုပညာလှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။သူမကတော့ အိမ်ထောင်ရေးကံကောင်းသလိုပရိသတ်အားကျနေရတဲ့ အိမ်ထောင်သည် ဘဝလေးနဲ့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်ရင်း ပျော်ရွှင်ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။သူမကို ချစ်တဲ့ ပရိသတ်တွေအတွက် သူမရဲ့ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ရပါတယ်နော်...

သတင်းအရင်းအမြစ်-နန်းမြတ်ဖြိုးသင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။