Star's &Models Int'l ကိုတည်ထောင်ပြီးMiss များသရုပ်ဆောင် အဆိုတော်များနဲ့modelများစွားကိုမွေးထုတ်ပေးတဲ့ ဂျွန်လွင်က ဇွဲပြည့်ရဲ့ခိုလှုံရာတေးစီးရီးမိတ်ဆက်ပွဲတွင်ဝတ်ဆင်ထားသောဝတ်စားမူတန်ဖိုးမှာငွေကျပ်သိန်း၅၅ဝတန်ဖိုးရှိတယ်လို့ပြောခဲ့ပါတယ်။ '' ကျွန်တော်ကအဝတ်အစားလည်း

ကောင်းတာမှကြိုက်တယ်။ ကြွားတာတော့မဟုတ်ဘူး၊ အခုဝတ်ထားတဲ့ အကျီကFendy Brand တစ်ထည်ကို၁၅သိန်းပေးရတယ် ။ နာရီကတော့ သိန်း၄၀၀ ရှိတယ်။ ဖိနပ်က ၁၃သိန်း၊ဘောင်းဘီက ၅သိန်း၊ ခါးပတ်က ဟာနစ် ၁၈သိန်းပေးရတယ် ။ ဘောင်းဘီမှာအလှချိတ်တဲ့သော့တွဲတွေကတစ်ခု ၈သိန်း ၃ခုဆိုတော့၂၄သိန်းအားလုံး သိန်း ၅၅၀ နီးပါရှိတယ် ။

ကျွန်တော်က အဝတ်အစားကောင်းကောင်းကြိုက်သလို လှူတန်းတာကိုလည်း လတိုင်းလုပ်တယ်။ တစ်လကိုသိန်း ၂၀၀ နီးပါးလှူဖြစ်ပါတယ်။ သူတစ်ပါးကိုလည်းထိခိုက်အောင်ဘာမှမလုပ်ဘူး၊ ကျွန်တော့်အလုပ်ကိုဘဲအကောင်းဆုံးလုပ်ဆောင်ပါတယ်'' လို့ဆိုပါတယ်။

Source : akonthi

anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။