အကယ်ဒမီဆုတွေ ဆွတ်ခူးခဲ့တဲ့ ထပ်ဆင့်အကယ်ဒမီနေတိုးကတော့ အနုပညာလောကမှာ မသိတဲ့သူမရှိသလောက် ကို အောင်မြင်ကျော်ကြားလူကြိုက်များတဲ့မင်းသားတစ်လက်ပါ ။ လက်တလောမှာတော့ အထက်တန်းစားစိတ်ဓာတ်ရှိတဲ့ နတ်ဆရာတစ်ယောက်ရဲ့ Character ကိုသရုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ် ။

သူ့ဇာတ်ကောင်ကတော့ ဒီနတ်ဆရာအလုပ်ကို လုပ်ချင်လို့လုပ်လာတာမဟုတ်ဘဲ မဖြစ်မနေ ဘဝရှင်သန်မှုတစ်ခုအတွက် လုပ်ကိုလုပ်ရမယ်ဆိုတဲ့ အလုပ်တစ်ခု အဖြစ်လုပ် လာရတဲ့ သူတစ်ယောက်အဖြစ်သရုပ်ဆောင်ရမှာဖြစ်ပါတယ် ။ ဒီကားဟာ လူ့လောကကြီးထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေနဲ့ဖွဲ့စည်း ထားတာဖြစ် တယ်လို့လည်းသိရပါတယ် ။ အမြဲတမ်းဖျော်ဖြေရေးကို ဦးတည်နေတဲ့ ဇာတ်ကားတွေရှိသလို ဖျော်ဖြေရေးနဲ့ပေါင်းပြီး အသိပညာပေးရတဲ့ ဇာတ်ကားတွေလည်း ရှိသလို အနုပညာကိုဘဲ ဦးစားပေးဦး art ဆန်တဲ့ ဇာတ်ကားတွေရိုက်ကူးရတာတွေလဲရှိတယ်လည်း နေတိုးကပြောခဲ့ပါသေးတယ်

ဘာသာရေးအမြင်တွေ ရိုးရာယဉ်ကျေးမှုနဲ့ဆက်နွယ်တဲ့ဟာတွေ က မဖြစ်မနေရုပ်ရှင် အနေနဲ့ ရှိကိုရှိသင့်ပါတယ်တဲ့ ။ ငွေကြေးတစ်ခုထဲကိုကြည့်ပြီး ရယ်စရာကားဘဲရိုက်မယ်ဆိုပြီး ဘဝတစ်ခုကို ရပ်တည်လို့မရဘူးလို့လည်း ပြောခဲ့ပါသေးတယ် ။ အနုပညာလောကမှာလျှောက်လှမ်းနေတဲ့အချိန်မှာ သူ့ရဲ့အနုပညာနဲ့သူ့ပရိသတ်ကို တန်ဖိုးရှိစေဖို့လိုတယ်လို့ မြင်တယ်လို့ ဖြေကြားခဲ့ပါတယ် ။

Source : Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။