ဆိုဖီယာကတော့ အားပေးသူပရိသတ်တွေများစွာကို ပိုင်ဆိုင်ထားတဲ့တေးသံရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရင်ထဲတန်းရောက်နိုင်တဲ့ တေးသီချင်းဆန်းဆန်းလေးလေးတွေကို သီဆိုတတ်သူတစ်ဦးပဲဖြစ်ပါတယ်။

ဆိုဖီယာသီဆိုတဲ့သီချင်းတိုင်းဟာ ပရိသတ်တွေကြားဖူးနေကြပုံစံတွေနဲ့ အနည်းငယ်ကွဲထွက်နေတတ်တာကြောင့် သူမရဲ့သီချင်းတိုင်းဟာ ပရိသတ်တွေကြားမှာ ရေပန်းစားလှတာပဲဖြစ်ပါတယ်။  

နောက်တစ်ခုအနေနဲ့ ပရိသတ်တွေ ဆိုဖီယာကို အားကျနှစ်သက်ရတဲ့ အချက်တွေထဲမှာတော့ သူမရဲ့ဖက်ရှင်ကလည်း အဓိကနေရာကပါဝင်နေတာပဲဖြစ်ပါတယ်။

သူမဝတ်ဆင်တဲ့ အနောက်တိုင်းဆန်လှတဲ့ဖက်ရှင်လေးတွေဟာ သူမနဲ့လိုက်ဖက်မှုရှိလှသလို သူမရဲ့လှပလှတဲ့ ခန္ဓာကိုယ်အလှကိုပိုမိုပေါ်လွင်စေတာကြောင့် အားကျနှစ်သက်ကြတဲ့ပရိသတ်တွေများစွာရှိနေတာပါ။

ယခုမြင်တွေ့နေရတဲ့ ပုံရိပ်လေးတွေထဲမှာဆိုရင်လည်း ဝတ်ဆင်ထားတဲ့ဝတ်စုံဟာ အရမ်းဆန်းလှတဲ့ဝတ်စုံတွေထဲမှာမပါပေမယ့် သူမရဲ့ခန္ဓာကိုယ်ပေါ်ဝတ်ဆင်လိုက်တဲ့အခါမှာတော့ စတိုင်ကျလှပလှပါတယ်။  

သူမပေးထားတဲ့ post လေးတွေဟာဆိုရင်လည်း cute ဖြစ်တဲ့ပုံစံလေးထက် sexy ကျတဲပုံစံလေးဘက်ကိုပိုရောက်နေတာကြောင့် ဆွဲဆောင်မှုရှိလှပါတယ်။

လတ်တလောမှာဆိုရင်လည်း အနုပညာလှုပ်ရှားမှုတွေများစွာလုပ်ကိုင်နေတဲ့ ဆိုဖီယာကတော့ ပရိသတ်တွေအတွက် သူမရဲ့ပုံရိပ်အသစ်လေးတွေကို လူမှုကွန်ယက်ပေါ်ကနေမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေအတွက် သူမရဲ့ပုံရိပ်လေးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်နော်။

source - Sophia Everest Euora

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။