သွားတတ်လေးနဲ့ ပရိသတ်အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချော စမိုင်းလ်ကတော့ လတ်တလော ဥရောပဘက်ကို မိသားစုနဲ့အတူ ခရီးတွေ ဆက်တိုက်ထွက်ရှိနေပါတယ်..။

ပြီးခဲ့တဲ့ လပိုင်းကတည်းက မိသားစုနဲ့အတူခရီးတွေ ဆက်တိုက်ထွက်ရှိနေတဲ့ သူမတို့ကတော့ လတ်လောမှာလည်း ဒူဘိုင်းမြို့ကို ရောက်ရှိနေတယ်လို့ သိရပါတယ်..။

ပူအိုက်လွန်းတဲ့ ဒူဘိုင်းရဲ့ရာသီဥတုလေးနဲ့အတူ သဲကန္တာရထဲမှာ ကုလားအုပ်စီးရင်း မိသားစုလိုက် ပျော်ပျော်ပါးပါးနဲ့ ဓာတ်ဖမ်းခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း စမိုင်းလ်က ပရိသတ်တွေကို ပြန်လည်မျှဝေပေးထားပါသေးတယ်..။

ခရီးသွားဓာတ်ပုံလေးတွေကို ပရိသတ်တွေမှတ်မှတ်ရရပြန်လည်မျှဝေလေ့ရှိတဲ့ သူမတို့မိသားစုရဲ့ ပျော်ရွှင်စရာ ခရီးသွားပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို အပျော်တွေကူးစက်စေတာမို့ ပရိသတ်တွေကလည်း သဘောကျစေမှာ အစေသအချာပါပဲ..။

မင်းသမီးချောစမိုင်းလ်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ဘေးကနေအမြဲ ချစ်ခင်မြတ်နိုးကြင်နာတဲ့ခင်ပွန်းသည်နဲ့အတူ သမီးလေးနှစ်ယောက်နဲ့ကို ပိုင်ဆိုင်ထားပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ဖြတ်သန်းနေတာမို့ ပရိသတ်တွေအားကျချစ်ခင်ကြရသူလေးဆိုလည်း မမှားပါဘူး..။

အနုပညာလုပ်ငန်းတွေနဲ့ အချိန်အတော်ကြာဝေးကွာနေတဲ့ သူမဟာ လတ်တလောမှာတော့ အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာခဲ့ပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတာ တွေ့ရပါတယ်..။

Photo - စမိုင်းလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။