လတ်တလော မြန်မာနိုင်ငံရဲ့ တစ်ချို့မြို့တွေမှာရေကြီးမှုတွေအတွက် အကူအညီများစွာ လိုအပ်လျှက်ရှိပြီး ရေဘေးသင့်ပြည်သူ ထောင်းပေါင်းများစွာရှိနေပါတယ် ။ အစာရေဆာ နှင့်အတူ လိုအပ်ချက်များစွာရှိနေတဲ့ အတွက် အနယ်နယ်အရပ်ရပ်မှပရဟိတ အဖွဲ့များ စွာ နှင့်အတူ အနုပညာလောကသားများစွာက ကူညီဆောင်ရွက် မှုတွေပြုလုပ်ပေး လျှက်ရှိတာတွေ့ရပါတယ်။ အဲဒီအထဲမှာ အလှူအတန်းလက်မနှေးတတ်တဲ့ ပရဟိတ ဖခင်ကြီးဦးကျော်သူရဲ့ F.F.S.S နာရေးကူညီမှုအသင်းကလည်း မပါမဖြစ်ပါဘဲနော် ။

လက်ရှိမှာတော့ ဦးကျော်သူတို့နာရေးကူညီမှုအသင်းဟာ ပဲနွယ်ကုန်းမြို့နယ် ၊ ကျောက်ကြီးကျေးရွာသို့ သွားရောက်လှူဒါန်းရန် ပြင်ဆင် နေကြပါတယ် ။ ပဲခူးတိုင်းဒေသကြီး၊ ပဲနွယ်ကုန်းမြို့နယ်၊ ကျောက်ကြီးကျေးရွာရှိ ရေဘေးသင့်အိမ်ထောင်စု (၆၀၀)အား စားသောက်ကုန်များ၊ အဝတ်အထည် နှင့် လူသုံးကုန်ပစ္စည်းများကို သွားရောက်လှူဒါန်း ရန် ဥက္ကဋ္ဌ ဦးကျော်သူနှင့်အတူ အသင်းသူ/သားများမှ ဝိုင်းဝန်ကာ ထုပ်ပိုး ပြင်ဆင်နေကြတယ်လို့သိရပါတယ် ။

ရေဘေးသင့်ရွာတွေကို (၁၀.၈.၂၀၁၈)ရက်နေ့မှာ သွားရောက်လှူဒါန်းကြမှာဖြစ်လို့ ရေဘေးကယ်ဆယ်ရေး အတွက် လှူဒါန်းလိုပါက -အမှတ်-(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ (၄၂)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်သို့

လာရောက်လှူဒါန်းနိုင်ပြီး အလှူခံဌာန ဖုန်း - ၀၉-၄၂၁၀၁၁၉၁၅ သို့ဆက်သွယ်ပြီး

Account Name - FREE FUNERAL SERVICE SOCIETY(YGN)

Bank Account No - 208-503-20800159401

(KBZ BANK-NORTH-DAGON-2) ဖြင့်လည်းလှူဒါန်းနိုင်တယ်လို့သိရပါတယ် ။

အသေးစိတ်သိရှိလိုပါက အမှုဆောင်ရုံးခန်း ဖုန်း- 09420032347 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်တယ်လို့သတင်းကောင်းပါးလိုက်ပါတယ်နော် ။

Source : Kyaw Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။