အသက်အငယ်ဆုံးနဲ့ အမျိုးသမီး ဘီလီယံနာတစ်ဦးအဖြစ် မှတ်တမ်းတင်ခံခဲရတဲ့ Kylie Jenner ဟာ သူမရဲ့ ကိုယ်ပိုင် product ဖြစ်တဲ့ Kylie Cosmetics Product ကို ဖြန့်ချိရင်း အောင်မြင်လာသူဖြစ်ပါတယ်။ သူမရဲ့ professional အလုပ်ဖြစ်တဲ့ မော်ဒယလ်ဘဝထက် ဝင်ငွေပိုကောင်းစေခဲ့တဲ့ သူမကိုယ်ပိုင်နာမည်နဲ့ Cosmetics Product တွေဟာ ကမ္ဘာတဝန်းမှာ ရှိတဲ့ မိန်းကလေးတိုင်းရဲ့ သည်းခြေကြိုက် အလှမှန်တင်ခုံပေါ်က တန်ဖိုးကြီးအရာ အဖြစ် နာမည်ရခဲ့တာဖြစ်ပါတယ်။

ဒီနေ့ သြဂုတ်လ( ၁၀) ရက်နေ့ဟာ သူမရဲ့ အသက်(၂၁) နှစ်ပြည့် မွေးနေ့ ဖြစ်သလို သူမရဲ့ အကြိုမွေးနေ့ပွဲကို ကယ်လီဖိုးနီးယားပြည်နယ်၊ အနောက် ဟောလီဝုဒ် မှာ ရှိတဲ့ Delilah ဆိုတဲ့ restaurant/club မှာ သူမရဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အကြိုမွေးနေ့ကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပင်ကိုယ် ဆံပင်အရောင်ကတော့ အညိုဖြစ်ပေမဲ့လည်း ရွှေရောင် ဆံပင်အရောင်ကို ပြောင်းလဲလိုက်တာဖြစ်ပြီး ပန်းဆီရောင် ပိုးသား outfit အကျပ်နဲ့ သူမရဲ့ ကောက်ကြောင်းတွေကို ပေါ်လွင်အောင် ဝတ်ဆင်ထားတာဖြစ်ပါတယ်။

သူမရဲ့ အကြိုမွေးနေ့ကို မကျင်းပမီ အိမ်ကအထွက်မှာ သူမရဲ့ ညိုဓာတ်ပြင်းတဲ့ ပုံတစ်ပုံကို“t-minus two hours,” လို့ အသက်(၂၁) နှစ် မွေးနေ့ မတိုင်ခင် ဟုဆိုကာ တင်ခဲ့ပြီး သူမရဲ့ သြဂုတ်(၁၀)ရက်နေ့မှာ ကျရောက်မဲ့ မွေးနေ့ ကို သြဂုတ်လ(၉)ရက်နေ့မှာ အကြိုမွေးနေ့ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ချစ်သူကတော့ ရက်ပါအဆိုတော်Travis Scott ဖြစ်ပြီး လက်ရှိမှာတော့ သူတို့စုံတွဲလေးဟာ ချစ်စရာကောင်းတဲ့ သမီး Stormi ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။

source: kylie jenner instagram & http://www.justjaredjr.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။