အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာခဲ့တဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ရေဘေးသင့်ပြည်သူတွေအတွက် စက်လှေစီးပြီး ကိုယ်တိုင်သွားရောက်လှူဒါန်းကူညီမှုများ လုပ်ဆောင်ခဲ့ပါတယ်..။

သြဂုတ်လ(၁၀)ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့မှာရှိတဲ့ ထုံးအိုင်ရွာနဲ့ မိန်းမလှရွာတို့မှာ Remax Myanmar နဲ့အတူ စက်လှေစီးပြီး ပြည်သူ့ပရိသတ်တွေနဲ့တွေ့ဆုံပြီး ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

Remax ရဲ့ Brand Ambassador တစ်ဦးဖြစ်တဲ့ အေးဝတ်ရည်သောင်းဟာ Remax Myanmar နဲ့ အတူ ထုံးအိုင်ကျေးရွာနဲ့ မိန်းမလှ ကျေးရွာ များဆီသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအတွက် ခေါက်ဆွဲခြောက် အထုပ် ၁၀,၀၀၀ နဲ့ရေသန့် ဗူး ၅,၀၀၀ တို့ကို သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်..။

အခုလိုသွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုတော့ အေးသောင်းက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း ပြန်လည်မျှဝေထားပါသေးတယ်..။

ရေကြီးနေတဲ့ နေရာဒေသတွေအထိ စက်လှေတွေစီးပြီး ခက်ခက်ခဲခဲသွားရောက်ခဲ့ကြပေမယ့် ပရိသတ်တွေနဲ့ပျော်ပျော်ပါးပါးတွေ့ဆုံခဲ့ကြတဲ့ သူမတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျအချစ်ပိုစေပြန်တာ တွေ့ရပါတယ်..။

မအေးသောင်းလေးနဲ့ Remax Myanmar တို့ရဲ့ ကြည်နူးသာဓုခေါ်စရာအလှူပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ Myanmarload ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - အေးသောင်း၊ Remax Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။