ပရိသတ်ကြီးရေ လတ်တလောမှာ လူသိများအောင်မြင်နေတဲ့ Myanmar Idol Season 3 ရဲ့ Final ပွဲစဉ်ကြီးဟာ မနေ့ညက ကျင်းပပြီးစီးခဲ့တာ ဖြစ်ပါတယ်။ Myanmar Idol အစီအစဉ်ကျင်းပလာတဲ့ တစ်လျှောက်မှာ ဒီပွဲစဉ်ကတော့ ပရိသတ်စိတ်ဝင်စားမှုနဲ့ ဝေဖန်မှုအများဆုံး ရရှိခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးပြိုင်ပွဲဝင်တွေအဖြစ် ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင်ချို ၂ဦးကျန်ရှိပြီး Winner ဆုအတွက် ယှဉ်ပြိုင်ရမှာ ဆိုပေမယ့် ကျန်းမာရေး အြခေအနေကြောင့် မောင်ချိုက ဝင်မပြိုင်တော့ဘဲ ဖြိုးမြတ်အောင်က ဒိုင်ပွဲရပ်ဖြင့် Winner ဆုကို အပြတ်အသတ် ရရှိခဲ့ပါတယ်။

ပြိုင်ပွဲကာလစဉ်တစ်ခုလုံး နှစ်ဖက်ပြိုင်ပွဲဝင်တွေရဲ့ အငြင်းပွားတိုက်ခိုက်မှုနဲ့ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။ အနုပညာရှင်တွေအနေနဲ့လည်း ဖြိုးမြတ်အောင်ကို အားပေးသူရှိသလို မောင်ချိုဘက်က ရပ်တည်ကြသူတွေလည်း ရှိပါတယ်။ နာမည်ကျော် Beauty Blogger တစ်ဦးဖြစ်တဲ့ နေခြည်ဦးကတော့ မောင်ချိုရဲ့အမာခံ ပရိသတ်တစ်ဦး ဖြစ်ပါတယ်။

Season 3 ပြိုင်ပွဲအစထဲက မောင်ချို့ကို အားပေးခဲ့တာဖြစ်ပြီး ယခုနောက်ဆုံးပွဲစဉ်မှာတော့ ကိုယ်တိုင်သွားရောက် အားပေးခဲ့တာ တွေ့ရပါတယ်။ နေခြည်က ''မောင်ချိုရေ လာပါတော့ကွာ''ဆိုတဲ့စာသားလေးနဲအတူ မောင်ချိုပုံနဲ့ စောင့်မျှော်နေတဲ့ သူမရဲ့ပုံလေးကို တင်ခဲ့တာ ဖြစ်ပါတယ်။ နေခြည်က လတ်တလောကလည်း မောင်ချို့အတွက် အားပေးစကားတစ်ချို့ကို live လွှင့်ရင်း ပြောကြားခဲ့ပါသေးတယ်။ သို့ပေမယ့်လည်း အခုချိန်မှာတော့ အားလုံးစိတ်ဝင်စားနေကြတဲ့ Myanmar Idol ပြိုင်ပွဲကြီးဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

Source: Nay Chi Oo;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။