မန္တလေး ချမ်းမြသာစည်မြို့နယ် ဒေါနခြံ သနပ်ပင်ရပ်ကွက် အကွက် ၄၄၆ မှာ ယနေ့မနက် ၉ နာရီ ၃၅ မိနစ်က အိမ်တစ်အိမ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းမှုဖြစ်ခဲ့ရာ အိမ်ခြေ ၁၃ လုံးခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။

မီးလောင်ရာသို့ မီးသတ်ယာဉ် အစီး ၅၀၊ သန္ဓေ ၂၀၀ ၊ အရန် ရ၀ နဲ့ လာရောက်မီးငြှိမ်းသတ်ခဲ့တာဖြစ်ပြီး ၁၅ မိနစ် ခန့်လောင်ကျွမ်းပြီးနောက် မီးထိန်းထားနိုင်ခဲ့တယ်လို့ တိုင်းမီးသတ်ဦးစီးတာဝန်ရှိသူကပြောပါတယ်။

လက်ရှိအခြေအနေမှာ မီးလောင်ပြင်နေရာသို့ တာဝန်ရှိသူ တွေရောက်ရှိနေပြီး မီးဘေးဒုက္ခသည် ၁၀၀ ခန့်အတွက် စခန်းဖွင့်လှစ်စီစဉ်ပေးထားပါတယ်။

မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းဖြစ်စဉ်အသေးစိတ်ကိုတော့ စုံစမ်း စစ်ဆေးနေဆဲပဲဖြစ်တယ်လို့သိရပါတယ်။

သတင်း Source - Popular News

Photo - Myanmar Fire Services Department

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။