အနုပညာလောကရဲ့ နာမည်ကြီး မော်ဒယ်လ်တွေဖြစ်ကြသလို ပရိသတ်ကိုယ်စီနဲ့ အားပေးမှုအပြည့်အဝရရှိထားတဲ့ ထူးအောင် M ဆိုင်းလုနဲ့ မေဂရေ့ပယ်ရီတို့သုံးဦးကတော့ Gym မှာ ဆုံဖြစ်ခဲ့ကြောင်း ဆိုင်းလုနဲ့ Instagram Story အရသိရပါတယ်။ မော်ဒယ်လ်ထူးအောင်ကတော့ မော်ဒယ်လ်တွေထဲမှာမှ တောင့်တင်းကျစ်လျစ်တဲ့ Body ကို ပိုင်ဆိုင်ထားတဲ့သူဖြစ်ပြီး Body နဲ့ပတ်သတ်လို့လည်း ပရိသတ်တွေကြား အထူးနာမည်ကြီးသူလည်း ဖြစ်ပါတယ်။  

ဆိုင်းလုရဲ့ Story မှာတင်ထားတဲ့ ဓာတ်ပုံလေးမှာတော့ ထူးအောင်ရဲ့ မိန်းကလေးပရိသတ်တွေအတွက် မနာလိုစရာ ဓာတ်ပုံလေးပဲဖြစ်ပါတယ်။ ထူးအောင်ရဲ့ လက်မောင်းတစ်ဖက်စီမှာ M ဆိုင်းလုနဲ့ မေဂရေ့စ်ကို တင်ထားတဲ့ ဓာတ်ပုံလေးကို တင်ထားတာဖြစ်ပြီး ပြုံးပြုံးကြီးဖြစ်နေတဲ့ ထူးအောင်ကိုလည်း မြင်ရမှဖြစ်ပါတယ်။ ဒီဓာတ်ပုံလေးကိုတော့ ပရိသတ်တွေ သဘောကျမှာဖြစ်ပြီး ရင်းနှီးတဲ့သူတို့သုံးဦးရဲ့ ဆက်ဆံရေးကိုလည်း သိမြင်နိုင်ပါတယ်။ 

လတ်တလောမှာတော့ သူတို့သုံးဦးဟာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာတွေ့ရပြီး အခုဆုံဖြစ်တာကလည်း ရိုက်ကူးရေးတစ်ခုအတွက် ဆုံဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။ မေဂရေစ့်ကတော့ လက်ရှိမှာ ကျောင်းပြီးသွားပြီလို့သိရပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ်ပြန်လုပ်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ဆယ်လီသုံးယောက်ရဲ့ ချစ်စရာ ဓာတ်ပုံလေးကို မျှဝေပေးလိုက်ပါတယ်နော်......

Photo Source : Htoo Aung, M Seng Lu, May Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။