ပြည်သူချစ် အနုပညာရှင် နှစ်ဦး ဖြစ်တဲ့ အဆိုတော် ရွှေထူး နဲ့ အချေမင်းသမီးလေး ရွှေမှုန်ရတီ တို့ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့ ကောလဟလသတင်းဟာ ဩဂုတ်လ(13)ရက်နေ့မှာ ဒီညရဲ့ Facebookစာမျက်နာမှာ အထောက်အထားများနဲ့ တကွ တက်လို့လာပါတယ်။မင်းသမီးလေး ရွှေမှုန်ရတီ ခေါ် သဲ အနေနဲ့ ချစ်သူမရှိသေးဘူး ၊ Singleပါလို့ ဖြေကြားခဲ့သလို သူမကို ပန်းစည်းတွေနဲ့ပူပေါင်းတွေနဲ့ ချစ်ရေးဆို Supriseလုပ်ခံရစဉ်ကလည်း အမှတ်တရ Liveလွှင့်ခဲ့ပါသေးတယ်။

အဲဒီနောက် ပရိသတ်များကလည်း သဲဘေးက သူက ဘယ်သူလဲဆိုတာ သိချင်ခဲ့သလို ရွှေထူးရဲ့ Facebookက နေ " အဆင်ပြေလား မှုန်ကြီး" ဆိုပြီး စနောက်ကာ တင်ခဲ့တဲ့ Statusစာကြောင့်လည်း ပရိသတ်တွေ ဇဝေဇဝါဖြစ်ခဲ့ရပါသေးတယ်။သူမရဲ့ ပုံကို Wallpaperတင်ထားတဲ့ သူမကို ချစ်တဲ့ ကောင်လေးတစ်ယောက်ကို "How sweet he is" လို့ ပျော်ရွှင်စွာတင်ခဲ့သလို ဒီကွန်ပျူတာရဲ့ နောက်ခံ Background နဲ့ ကွန်ပျူတာ တံဆိပ်ဟာ ရွှေထူးရဲ့  ကွန်ပျူတာ နဲ့ ဆင်တူနေတာဖြစ်ပါတယ်။ ကမ္ဘာကျော် Branded အိတ် ဖြစ်တဲ့ Versace အမှတ်တံဆိပ် အိတ်အနက်ကို အမြဲ မြတ်မြတ်နိုးနိုးကိုင်ဆောင်လေ့ရှိတဲ့ သဲရဲ့အိတ်ဟာလည်း ရွှေထူး Selfieပုံရဲ့ နောက်က စားပွဲထက်က အိတ်နဲ့ ဆင်တူနေတာကိုတွေ့ရမှာပါ။

သူတို့နှစ်ယောက်ချစ်သူတွေ ဖြစ်နေပြီ ဆိုတဲ့ အကြောင်း ဖွင့်ဟပြောကြားခြင်းမရှိသေးသလို သးတို့နှစ်ဦးစလုံးကို ရင်းနှီးတဲ့ ပရိသတ်တချို့ကလည်း Facebook ကောမန့် စာတွေအရ၊ သူတို့နှစ်ဦးစလုံးကို မကြာခဏအတူတွေ့ရလေ့ရှိသလို ပရိသတ်တချို့ ရိုက်ကူးထားတဲ့ ပုံတချို့ပါ ပါဝင်နေတာဖြစ်ပါတယ်။ရွှေထူးနဲ့ ရွှေမှုန်ရတီ ဟာ မကြာသေးခင်က နှလုံးသားတံခါးကို ဝင်ချည်ထွက်ချည်လုပ်ခဲ့တဲ့ ဧည့်သည် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အတူပါဝင်ရိုက်ကူးခဲ့ကြသလို သူတို့နှစ်ဦးရဲ့ ဒီအချစ်ရေးသတင်းဟာ ပရိသတ်တွေက အရမ်းစိတ်ဝင်စားလို့နေတာဖြစ်ပါတယ်။ ပရိသတ်များ အဆိုတေ် ရွှေထူး နဲ့ မင်းသမီးလေး ရွှေမှုန်ရတီတို့ တကယ့်ချစ်သူတွေပါဆိုရင်လဲ သဘောတူ ကြိုက်နှစ်သက်မယ် ထင်ပါနော်....။

source: Shew Mhone Yati & Shew Htoo; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။