သြဂုတ်လ ၁၃ ရက်နေ့ မနေ့ကဖြစ်ပွားခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း သေနက်ဖြင့်ပစ်ခတ်မှုကိုတော့အားလုံးသိမယ်ထင်ပါတယ်။ မနေ့က နံနက် ၁၁နာရီခန့်က မန္တလေးမြို့ ၅၅ လမ်း မနော်ဟရီနှင့် မြတ်လေးကြားတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်ပြီး အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေနတ်ပစ်ခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ သေနတ်ဒဏ်ကြောင့် အမျိုးသမီးတစ်ဦးကတော့ သေဆုံးခဲ့ပြီး ကျန်အမျိုးသားကတော့ အတွင်းလူနာဖြင့် ဆက်လက်ကုသမှုခံယူနေရကြောင်း သိရပါတယ်။  

သေနတ်ပစ်ခတ်သူအမျိုးသားတစ်ဦးအား ပြည်သူလူထုရဲ့ စည်းလုံးမှုဖြင့်သက်သေခံပစ္စည်းနှင့်အတူ ဖမ်းစီးရမိခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖြစ်စဉ်ကြောင့် မန္တလေးမြို့နေပြည်သူအချို့ထိန့်လန့်မှုတွေဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မနေ့က သေနတ်ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး မန္တလေးမြို့အတွင်းလုံခြုံရေးများပိုမိုချမှတ်ခဲ့ရပြီး ဒေသခံပြည်သူတွေကို စိုးရိမ်မှုလျော့ပါးစေခဲ့တာတွေ့ရပါတယ်။  

မနေ့ညက အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ မန္တလေးမြို့ ၅၅ လမ်း မနော်ဟရီနှင့် မြတ်လေးကြားတွင် သွားလာနေသူများဖြင့်စည်ကားလျှက်ရှိတာတွေ့ရပါတယ်။ သာယာဆိုပြေတဲ့ မန္တလေးမြို့နေပြည်သူတွေအတွက် စိတ်အထင့်အငေါ့ဖြစ်စေခဲ့တဲ့အဆိုပါ ဖြစ်စဉ်ပုံရိပ်တွေကတော့ ပရိသတ်တွေကြား ရေပန်းစားခဲ့တာတော့အမှန်ပဲဖြစ်မယ်ထင်ပါတယ်။ မနေ့ညက မန္တလေးမြို့ ၅၅ လမ်း မနော်ဟရီနှင့် မြတ်လေးကြားမြင်ကွင်းပုံရိပ်တွေကို ပြသလိုက်ပါတယ်။

Photos - Kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။