Oppo ဟာ မကြာခင်အချိန်အတွင်းမှာ ကင်မရာ ၃လုံးတပ်ဆင်ထားတဲ့ OPPO R17 Pro ကို စတင်မိတ်ဆက်လာနိုင်ဖွယ်ရှိပါတယ်။ ဒီဖုန်းမှာ အမြင်ဆန်းလှတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ တည်ဆောက်ထားပီး သုံးစွဲသူတွေကို ပုံစံအသစ်နဲ့ ဆွဲဆောင်လာနိုင်ဖွယ်၇ှိပါတယ်။ ဒါ့ကြောင့် ဒီဖုန်းလေးရဲ့ စွမ်းဆောင်ရည်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဖုန်းလေးရဲ့ မျက်နှာပြင်အကျယ်ဟာ 6လက်မခွဲနီးအပါးရှိပြီး အချက်အလက် သိုလှောင်မှိုင်းမှာတော့ 8GBRAM + 128GB ပါဝင်လာနိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ ကင်မရာ ၃လုံးနဲ့ ပွဲထွက်လာနိုင်ပြီး ဖုန်ရဲ့ နောက်ကျောဘက်မှာ ကင်မရာ ၃လုံးကို တပ်ဆင်ပေးထားပါတယ်။ အကယ်၍ ပေါက်ကြား ပေါက်ကြားနေတဲ့ ကောလဟာလတွေသာ အမှန်ဆိုရင် Oppo R17 Pro ဟာ ဒုတိယမြောက် ကင်မရာ ၃လုံးပါဝင်လာတဲ့ စမတ်ဖုန်းလည်း ဖြစ်လာမှာ ဖြစ်ပါတယ်။  

OPPo R17 Pro မှာ ကင်မရာစွမ်းဆောင်ချက်တွေ အနေနဲ့ “Super Night Shot နဲ့ Smart Aperture ” လိုလုပ်ဆောင်ချက်တွေကို အသုံးပြုနိုင်မှာပါ။ ဈေးနှုန်းကတော့ အရမ်းကြီးမများလောက်ပဲ ယွမ် ၃၀၀၀ ဝန်းကျင်လောက်နဲ့ထွက်လာမယ်လို့ သိရပါတယ်။  

Source : Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။