ပြည်သူ့အချစ်တော်အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင်မင်းသားချောလေးဒေါင်း၊ ထွန်းကိုကိုနဲ့ ပြည့်ဖြိုး တို့ကတော့ ရေဘေးသင့်ပြည်သူတွေအတွက် ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါတယ်..။

ရေဘေးသင့်ဒေသမှာရှိတဲ့ ပြည်သူတွေအတွက်ကားတစ်တန် စက်လှေတစ်တန်စီးပြီး ခက်ခက်ခဲခဲသွားရောက်လှူဒါန်းခဲ့ကြတဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကို ကြည်နူးပီတိဖြစ်စေတာ တွေ့ရပါတယ်..။

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ လိုှင်ဘွဲ့ချောင်းဘေးရှိ ကွမ်ဖော်ရွာမှ အိမ်ထောင်စု(231) လူဦးရေ(1100) ရှိတဲ့ ရေဘေးဒုက္ခသည်များနဲ့ ဒေါ်ဖျာရွာ ၊ အိမ်ထောင်စု (140)လူဦးရေ (680)ဦးတို့အတွက် ရေဘေးသင့်ပြည်သူများအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသားများနဲ့အတူ နေအိမ်များရှိရာသို့ အပင်ပန်းအဆင်းရဲခံပြီး သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်..။

သွားရောက်လှူဒါန်းခဲ့တဲ့ ကြည်နူးပီတိဖြစ်စရာအလှူပုံရိပ်လေးတွေကိုတော့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌဖြစ်တဲ့ ပရဟိတခေါင်းဆောင်မင်းသားကြီး ဦးကျော်သူက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်..။

လတ်တလောမြန်မာပြည်မြို့နယ်တော်တော်များများမှာ သဘာဝဘေးအန္တရာယ်တွေကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရေဘေးသင့်ပြည်သူများအတွက် တာဝန်ရှိသူများနဲ့ ပရိသတ်တော်တော်များများအပြင် အနုပညာရှင်များကလည်း လှူဒါန်းကူညီမှုများ ပြုလုပ်လျက်ရှိတာ တွေ့ရပါတယ်..။

လတ်တလောမှာတော့ ဒေါင်း၊ ထွန်းကိုကိုနဲ့ ပြည့်ဖြိုးတို့ရဲ့ ရေဘေးလှူဒါန်းမှုပုံရိပ်လေးတွေကိုလည်း ချစ်ရတဲ့ Myanmarload ပရိသတ်တွေအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - ဦးကျော်သူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။