ဂျူးလူမျိုးတွေကို လူမျိုးတုန်းသတ်ဖြတ်ခဲ့တဲ့ ဟစ်တလာမှာ လူသိနည်းသေးတဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာတွေ ရှိပါတယ်။ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့တဲ့ စစ်ပွဲများရဲ့ ဘုရင်တစ်ပါးဖြစ်ခဲ့ဖူးသူဆိုလည်း မမှားနိုင်ပါဘူး ။ ပရိသတ်တွေအတွက် လူသိနည်း တဲ့ ဟစ်တလာရဲ့ အကြောင်းအရာလေးတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ဟစ်တလာရဲ့အချစ်ဦးကတော့ Stephanie Isaac ဆိုတဲ့ ဂျူးလူမျိုး အမျိုးသမီးတဦးဖြစ်ပြီး အဲဒီ အမျိုးသမီးအတွက် အချစ်နာကျပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့အထိတောင် ကြံစည်ခဲ့ဖူးပါတယ်။

(၂) ဟစ်တလာဟာ စာရေးကောင်းသူတဦးဖြစ်ပြီး သူရဲ့ ကိုယ်တိုင်ရေးအတ္တုပ္ပတ္တိစာအုပ် My Struggle ဟာ အောင်မြင်ကျော်ကြားခဲ့တဲ့ စာအုပ်တအုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်အပြင် ပုံနှိပ်ထုတ်ဝေခြင်း မရှိခဲ့တဲ့ စာအုပ်တအုပ်ကို ၁၉၂၈ ခုနှစ်မှာ ရေးသားခဲ့ပြီး စာအုပ်နာမည်ကတော့ Zweites Buch လို့ ခေါ်ပါတယ်။

(၃) ဟစ်တလာဟာ သက်သက်လွတ်စားတဲ့ Vegetarian တယောက်ဖြစ်ပြီး တိရစ္ဆာန်တွေကို ချစ်ခင်ကြင်နာ တတ်တာကြောင့် တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှု ကာကွယ်ရေးနဲ့ သတ်ဖြတ်ခြင်းကို တားမြစ်တဲ့ ဥပဒေတွေကို ရေးဆွဲ ပြဌာန်းခဲ့ပါတယ်။ တိရစ္ဆာန်တွေအစား ဆေးသိပ္ပံ စမ်းသပ်မှုတွေမှာ ဂျူးတွေကိုသာ အသုံးချ စမ်းသပ်ခဲ့ပါတယ်။

(၄) ဟစ်တလာဟာ ဂျူးလူမျိုးတွေကို မုန်းတီးပေမယ့် ဂျူးအနုပညာသည်တွေရဲ့ အနုပညာ ပစ္စည်းတွေကိုတော့ စုဆောင်းခဲ့ပြီး မျိုးသုဉ်း လူသားမျိုးနွယ်ပြတိုက် (Museum of Extinct Race) ထူထောင်ဖို့ ရည်ရွယ်ချက်နဲ့ စုဆောင်းခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျူးလူမျိုးတွေထဲမှာ ဟစ်တလာကယ်တင်စောင့်ရှောက်ထားတဲ့ မိသားစု တစုရှိပြီး အဲဒီမိသားစုကတော့ ဟစ်တလာရဲ့ မိသားစုဆရာဝန်ပဲ ဖြစ်ပါတယ်။

(၅) ဟစ်တလာဟာ ဘောလုံးကစားခြင်းကို မနှစ်သက်တဲ့အတွက် သူ့ခေတ် သူ့အခါမှာ ဘောလုံး အားကစားကို ဖွံဖြိုးအောင် မလုပ်ခဲ့ပါဘူး။ ဒါပေမယ့် ဟစ်တလာဟာ သူ့လက်ထက်မှာ အများပြည်သူ စုဝေးရာနေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်တာကိုတော့ ပြုလုပ်ခဲ့ပါတယ်။

(၆) လိင်ဖျော်ဖြေရေး အရုပ်တွေကို ဟစ်တလာ စတင် တီထွင်ခဲ့တာဖြစ်ပြီး ဂျာမန်စစ်သားတွေ ပြင်သစ် ပြည့်တန်ဆာတွေနဲ့ ဆက်ဆံမိရာက ရောဂါကူးစက်မှုတွေ မဖြစ်ပေါ်စေဖို့အတွက် ရည်ရွယ်ပြီး တီထွင်ခဲ့တာပဲ ဖြစ်ပါတယ်။

Source . lifetippr.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။