ဒီ Video File လေးကိုတော့ ဖြိုးမြတ်အောင်ရဲ့ သူငယ်ချင်းဖြစ်သူက လူမှုကွန်ယက်မှာပြန်တင်ထားခဲ့တာပါ ။ မြန်မာပြည်သူတွေအားလုံး စိတ်ဝင်တစားကြည့်ရှုအားပေးရင်း ခံစားချက်တွေအဖုံဖုံ ကိုပေးစွမ်းသွားခဲ့တဲ့ Myanmar Idol Season 3 ပွဲကြီးကတော့ မကြာသေးခင်ကပဲပြီးဆုံးသွားခဲ့ပါပြီ ။ Season 3 ဟာဆိုရင်တော့ အခြားသော Idol ပွဲတွေထက် ထူးခြားမှုတွေဖြစ်ခဲ့ပါတယ် ။ Finalist ချမ်းမြေ့မောင်ချိုနဲ့ ဖြိုးမြတ်အောင်တို့နှစ်ယောက် ပြိုင်ဆိုင်ရမယ်ဆိုပေမယ့် ချမ်းမြေ့မောင်ချိုရဲ့ ကျန်းမာရေးအခြေအနေကြောင့် နောက်ဆုံးမှာဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်းမရှိခဲ့ပါဘူး ။ Winner ဆုကို season တစ်ခုလုံးက ပြိုင်ပွဲတွေတိုင်းမှာ ဒိုင်တွေရဲ့ မှတ်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဖြိုးမြတ်အောင်ကပဲ ရရှိသွားခဲ့ပါတယ် ။ ဒီပွဲစဉ်အပြီးမှာတော့ ဂုဏ်ပြုညစာစားပွဲလေး ပြုလုပ်တဲ့နေရာမှာ ရိုက်ကူးထားခဲ့တဲ့ Video File လေးကို ဖြိုးမြတ်အောင်ရဲ့ သူငယ်ချင်းဖြစ်သူက လူမှုကွန်ယက်မှာတင်ထားခဲ့တာဖြစ်ပါတယ် ။

Video File ကတော့ ဖုန်းနဲ့ အလွတ်သဘော အပျော်ရိုက်ကူးထားတဲ့ Video File လေးပါ ။ အစားအသောက်နဲ့ တည်ခင်းဧည့်ခံနေရင်း ပြိုင်ပွဲဝင်တွေက စင်ပေါ်မှာ လွတ်လွတ်လပ်လပ် အမှတ်တရတွေပြော သီဆိုဖျော်ဖြေမှုတွေပြုလုပ်နေတာကို ရိုက်ကူးထားတာဖြစ်ပါတယ် ။ Video ရဲ့ တနေရာမှာတော့ ဇော်ကြီးနဲ့ နေခန့်မင်းသစ် တို့နှစ်ယောက်က စင်ပေါ်မှာ English လို စနောက်ရင်း ဖြိုးမြတ်အောင်ကိုပါခေါ်ပြီး English လိုပဲပြောရမှာဆိုပြီး ၀င်ပြောခိုင်းတဲ့အခါ ဖြိုးမြတ်အောင်က ပြန်ပြောလိုက်တဲ့စကားလေးကိုိ ဖြိုးမြတ်အောင်ရဲ့သူငယ်ချင်းက

"သူတို့အမြင်​က ဟာသဆို​ပေမယ်​့

ကျွန်​​တော်​့အမြင်​က

သူငယ်​ချင်​းဖြိုး​လေးအတွက်​

ရင်​အရမ်​းနာရပါတယ် " ​ဆိုပြီး တင်ထားခဲ့တာပါ ။

ဖြိုးမြတ်အောင်က

" ကျွန်တော် English လိုက နှစ်လုံးပဲတက်ပါတယ် ။ အဲဒါက Okay ရယ် Thanks You ရယ်တော့ ကောင်းကောင်းပြောတတ်ပါတယ် " လို့ပြန်ဖြေခဲ့တာပါ ။

(သူတို့သူငယ်ချင်းသုံးယောက် ဟာသလုပ်ကြတာကို Video Clip ရဲ့ Time 18:19 ကစကြည့်နိုင်ပါတယ်) 

နောက်ပိုင်းမှာလဲ ကျန်တဲ့ ပြိုင်ပွဲဝင်သူငယ်ချင်းတွေက English လို ဟာသဆက်လက် လုပ်နေကြပြီး ဖြိုးမြတ်အောင်ကိုထပ်မံ မေးခွန်းမေးစဉ်မှာတော့

ဖြိုးမြတ်အောင်က

" ကျွန်တော် တစ်လုံးမှတော့ နားမလည်ပါဘူး ။ ဒါပေမယ့် ကျွန်တော် မြန်မာလူမျိုးဖြစ်တဲ့အတွက် မြန်မာစကားပဲပြောပါတယ် ။ " လို့ ပြောခဲ့ပါတယ် ။

ဒီ Video File လေးကတော့ ပျော်ပွဲရွှင်ပွဲပီပီ အပျော်တွေနဲ့ ပြည့်နေပေမယ့် ဖြိုးမြတ်အောင်ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီစကားလေးတွေကို သတိထားမိပြီး စိတ်မကောင်းဖြစ်နေကြတာပါ ။ ဖြိုးမြတ်အောင်နဲ့ပါတ်သတ်ပြီး အသေးအဖွဲလေးကအစ ဂရုစိုက်ချစ်ခင်ပေးနေတယ်ဆိုတာလဲ ပေါ်လွင်နေပါတယ် ။ Myanmar Idol Season 3 ကတော့ ထူးခြားစွာပဲ ပြီးဆုံးသွားခဲ့ပြီး Winner ဖြိုးမြတ်အောင်ကလည်း ဆုအပြင် သူ့ကို လေးလေးနက်နက် ချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေပါ ပိုင်ဆိုင်သွားခဲ့တာပါပဲ ။ ဂုဏ်ယူပါတယ် ကိုဖြိုးမြတ်အောင်ရေ ...  

သတင်းအရင်းမြစ် DZT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။