င်ငံတကာမှာ ခေတ်စားနေတဲ့ Boy Love Series တွေလိုပဲ မြန်မာနိုင်ငံမှာလဲ Boy Love Series တစ်ခု ရိုက်ကူးတော့မယ့်အကြောင်းကို မကြာသေးခင်ကပဲကြေညာလိုက်ပါတယ် ။ အဲဒီ Series နာမည်ကတော Innocence ဖြစ်ပြီးတော့ စာရေးဆရာမ ညမွှေးပန်းရဲ့ လူငယ်တွေကြားရေပန်းစားခဲ့တဲ့ Fiction တစ်ခုကို အသက်သွင်းရိုက်ကူးမယ်လို့လဲသိရပါတယ် ။ အဆိုပါ Series ကိုစတင်မိတ်ဆက်စဉ်ကတည်းက ပါ၀င်သရုပ်ဆောင်မယ့်သူတွေကိုရွေးချယ်ရာမှာလဲ ဇာတ်ကောင်စရိုက်နဲ့ထပ်တူကျတဲ့ မျက်နှာသစ်အနုပညာရှင်တွေကိုရွေးချယ်ခဲ့ပြီး တစ်ဦးချင်းပွဲထုတ်မိတ်ဆက်ပေးခဲ့ကာ Series မရိုက်ကူးခင်မှာပဲ သူတို့ကိုအားပေးတဲ့ ပရိတ်သတ်တွေ အခိုင်အမာရရှိနေပြီးလည်းဖြစ်ပါတယ် ။

အဆိုပါ Series ကို စောင့်မျှော်ကြည့်ရှုလိုသူတွေများပြားနေပေမယ့် ရိုက်ကူးရေးနှောင့်နှေးကြန့်ကြာမှုရှိခဲ့ပြီးနောက်မှာတော့ Innocence: The Series ရဲ့ တရားဝင် Page ကနေ ခေါင်းဆောင်မင်းသား နှုတ်ထွက်သွားတဲ့ အကြောင်းကို အောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ 

" Innocence: The Series ကို ပထမဦးဆုံး အနေဖြင့် Media Group တစ်ခုမှ တာဝန်ယူ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ Company ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သော အားဖြင့် အမည်ထည့်သွင်းကြေငြာခြင်း မပြုသည်ကို နားလည်ပေးစေလိုပါသည်။ ယခုအခါတွင် အကြောင်းအမျိုးမျိုးကြောင့် ပထမတာဝန်ယူထားသောMedia Group ဘက်မှ ဆက်လက် တာဝန်ယူရန်မဖြစ်နိုင်ပါသဖြင့် ဆိုင်ရာ အနုပညာရှင်များနှင့် စာချုပ်ဖျက်သိမ်းခဲ့ပါသည် ။

ယခုအခါတွင် ( Root of Asia Co.,Ltd) မှ Innocence: The Series ကို တာဝန်ယူ စီစဉ်ရိုက်ကူးပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် သက်ဆိုင်ရာ အနုပညာရှင်များနှင့် ပြန်လည်ဆွေးနွေးရာ ထက်ဦးထွဋ် (ခ) Rola မှ ဆက်လက်လုပ်ကိုင်လိုခြင်းမရှိကြောင်း ပြောကြားလာကာ မိမိဆန္ဒအလျောက် နှုတ်ထွက်ခဲ့ပါသည်။ ထို့ကြောင့် Innocence: The Series Team မှ ထက်ဦးထွဋ် (ခ) Rola အား နှုတ်ထွက်ကြောင်း တရားဝင်ကြေငြာစာ တင်ပေးရန် ပြောကြားခဲ့ပါသော်လည်း ထက်ဦးထွဋ် ၏ မိခင်ဖြစ်သူမှ ကြေငြာချက် မထုတ်ပြန်ပေးနိုင်ပါဟု ပြောကြားလာပါသည်။ ထို့ကြောင့် Innocence: The Series Team နှင့် ( Root of Asia ) ဘက်မှ ဤ တရားဝင်ကြေငြာချက်ကို ထုတ်ပြန်ခြင်းဖြစ်ပါသည်။

ယနေ့မှ စပြီး Innocence: The Series နှင့် ထက်ဦးထွဋ် (ခ) Rola တို့နှင့် မည်သို့မျှ သက်ဆိုင်ခြင်းမရှိတော့ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။

Innocence: The Series သည် Boys Love Series တစ်ခု ဖြစ်သည့်အတွက် ရိုက်ကူးထုတ်လွှင့်ခြင်း ကိစ္စများတွင် အချိန်များစွာ နှောင့်နှေးမှုများ ဖြစ်ပွားခဲ့ရသည့်အတွက် စောင့်မျှော်နေသူ ပရိသတ်များကို အနူးအညွတ်တောင်းပန်အပ်ပါသည်။ ယနေ့မှစပြီး စီးရီး ရိုက်ကူးထုတ်လုပ်မှုကို ပြန်လည်ပြင်ဆင်နေပြီဖြစ်ပါသည်။ အခြားအခြားသော ကြေငြာချက်များကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေငြာကြေငြာပေးသွားမည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလို့ပါက ဤ Page ကိုတိုက်ရိုက်ဆက်သွယ်၍သော်လည်ကောင်း ဖုန်း ( 09 969 899 302) ကိုလည်ကောင်း မေးမြန်းနိုင်ပါသည် ။ Innocence: The Series နှင့် ပက်သက်၍ သက်သေအတိအကျမရှိသော မဟုတ်မမှန်သတင်းများ ၊ စီးရီးဂုဏ်သိက္ခာ ပျက်ပြားစေနိုင်သော သတင်းများကို ပြောဆိုလာခဲ့သည်ရှိသော ( Root of Asia ) ဘက်မှ တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

Innocence: The Series ကို ဆက်လက်အားပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။ ဆက်လက်၍ အကောင်းဆုံးကြိုးစားသွားပါမည်ဟု ကတိပြုပါသည်။ ကျေးဇူးအများကြီးတင်ပါသည် ။ " လို့ သတင်းထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားတာပါ ။ 

ဆက်လက်ရိုက်ကူးမယ့် Innocence: The Series ကတော့ မြန်မာနိုင်ငံက ပထမဆုံးသော LGBT Series တစ်ခုဖြစ်လာမှာဖြစ်ပြီး

ခုလက်ရှိမှာ ခေါင်းဆောင်မင်းသားနှစ်ယောက်အနက် တစ်ယောက်သာ ကျန်ရှိတော့တာမို့ ပရိတ်သတ်တွေကတော့ ခေါင်းဆောင်မင်းသားသစ် ဘယ်သူဖြစ်လာမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်နေကြတာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် Innocence: The Series

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။