ပရိသတ်ကြီးရေ အလှမယ်ရွှေအိမ်စည်ကတော့ ပြီးပြည့်စုံတဲ့ အလှတရားတွေအပြင် သူမရဲ့ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေကြောင့် ကျော်ကြားအောင်မြင်နေသူတစ်ဦး ဖြစ်ပါတယ်။သူမအနေနဲ့ ပြီးခဲ့တဲ့နှစ်ကမှ သရဖူဆုကို ရရှိခဲ့ပေမယ့်လည်း အကြောင်းတစ်ခုကြောင့် သရဖူပြန်လည်ပေးအပ်လိုက်ရပြီး ပရိသတ်တွေအားလုံး နှမြောတသ စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း လွယ်လွယ်နဲ့ အရူံးမပေးတတ်တဲ့ သူမက ဒီနှစ်မှာလည်း Miss Golden Land Myanmar ပြိုင်ပွဲကြီးကို ရခိုင်ပြည်နယ် ကိုယ်စားပြုအနေနဲ့ တစ်ဖန်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

အချိန်တစ်ခုကြာ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရပြီးနောက်မှာတော့ နောက်ဆုံးဖိုင်နယ်ပွဲကြီးကို သြဂုတ်လ ၁၄ရက်နေ့ အင်္ဂါနေ့ ညနေပိုင်းက  Taw Win Garden Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မိတ်ကပ်မျိုးလတ်ရဲ့ ပြင်ဆင်ခြယ်သမှုတွေနဲ့အတူ အိမ်စည်က မေးခွန်းတွေကို အရည်ချင်းရှိရှိ ဖြေဆိုနိုင်ခဲ့ပြီး အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့တာ တွေ့ရပါတယ်။နောက်ဆုံးမှာတော့ အပြစ်ပြောစရာမရှိလောက်အောင် လှပထက်မြက်တဲ့ သူမက ပရိသတ်တွေမျှော်လင့်စောင့်စားခဲ့ရတဲ့ သရဖူကို တစ်ကြိမ်ပြန်လည် ဆောင်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲစဉ်ကြီးတစ်ခုလုံးကို Miss Golden Land Myanmar ရဲ့ Official Page ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သလို တီဗီမှာလည်း ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။ အိမ်စည်ကအခက်အခဲ ဒုက္ခတွေများစွာကြားက ကျော်ဖြတ်ကြိုးစားခဲ့ရတာ အခုမှ သူမရဲ့ဆန္ဒတွေပြည့််ပြီဖြစ်ကြောင်းနဲ့ အားလုံးကို ကျေးဇူးတင်ရှိကြောင်းကိုလည်း ပြိုင်ပွဲကြီးအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။ ကဲ ချစ်ပရိသတ်တွေ ဖြစ်ချင်တဲ့အတိုင်း Winner ဆုကြီးကို မြန်မာဂုဏ်ဆောင်အဖြစ် ရရှိနိုင်ခဲ့တဲ့ အိမ်စည့်အတွက်လည်း ဂုဏ်ပြုစကားလေးတွေကို အောက်မှာ ပြောပေးခဲ့ကြနော်။

Source: Shwe Eain Si; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။