ပရိသတ်တွေ ကဆိုင်းမိုင်လို့ချစ်စနိုးနဲ့ ခေါ်နေကြတဲ့ ပိုးကြာဖြူခင်ကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။မော်ဒယ်လောကကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ အနုပညာအလုပ်တွေအဖြစ်သရုပ်ဆောင်အလုပ်တွေကိုပါ ပါဝင်လာတာကိုလည်းတွေ့မြင်ရပါတယ်။

MRTV4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ဝင်္ကပါစံအိမ်"ဇာတ်လမ်းတွဲမှာလည်း ရှေးခေတ်မြန်မာအမျိုးသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားပြီး" ဥယျာဉ်မှူးဖြစ်ဖူးချင်သည်"ဇာတ်လမ်းတွဲမှာလည်း မြန်မာဆန်တဲ့ ဆရာမလေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာတွေ့ရပါတယ်။

သူမရဲ့ သရုပ်ဆောင်မှု ပီပြင်မှုတွေကြောင့် ပရိသတ်တွေတခဲနက်အားပေးလာတာတွေ့မြင်ရပါတယ်။ဆိုင်းမိုင်လို့ နာမည်တွင်လာခဲ့တဲ့ဇာတ်ကားလေးကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်း စတင်ထုတ်လွှင့်ပြသနေတဲ့"မိုးကောင်းကင်အိမ်မက်"ဇာတ်ကားလေးပဲဖြစ်ပါတယ်။ပိုးကြာဖြူခင်ကတော့ ယခုအခါမှာတော့ မန်းလေးမြို့ကြီးကို နှုတ်ဆက်ပြီးရန်ကုန်မြို့ကြီးကို ပြန်လာတော့မှာပဲဖြစ်ပါတယ်။သူမရဲ့လူမှုကွန်ယက်ပေါ်မှာလည်း"မန်းလေးမှာ ရှိနေစဉ် အချစ်တွေ စေတနာတွေ အပြည့်နဲ့ လိုလေသေး မရှိ လိုက်လံစောင့်ရှောက် ကူညီဖေးမပေးခဲ့သော ချစ်ရသော မန်းလေး fans လေးများနဲ့တကွ ကူညီပေးသူ အကိုအမ ညီမလေး မောင်လေးများ အားလုံး အားလုံးကို ကျေးဇူးအများကြီး တင်ပါတယ်နော် နောက်ထပ် ပြန်ဆုံချင်ပါသေးတယ်ရှင့် ပရိသတ်ကြီးက ကိုယ့်အတွက် ထာဝရ ချစ်ရသူ ပါ"ဆိုတဲ့စာသားလေးနဲ့ကျေးဇူးတင်စကားဆိုထားတာကိုလည်းတွေ့မြင်ရပါတယ်။

သတင်းအရင်းအမြစ်-ပိုးကြာဖြူခင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။