ပြီးခဲ့တဲ့ရက်ပိုင်းက ပြီးစီးသွားတဲ့ Myanmar Idol Season-3 ရဲ့ Winner ဆုရှင်ဖြစ်တဲ့ ပြည်သူပရိသတ်တွေရဲ့ အချစ်တော် ဖြိုးမြတ်အောင်ကတော့ ချစ်ရတဲ့ပရိသတ်တွေအတွက် အနုပညာအလုပ်တွေ လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်..။

နာမည်ကျော် သရုပ်ဆောင်အနုညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် ဒါရိုက်တာသားညီ၊ ပရိသတ်အသည်းကျော် မင်းသမီးချောလေး မေမြင့်မိုရ်တို့နဲ့အတူတွဲဖက်ပြီး အနုပညာအလုပ်တွေ လုပ်ဆောင်တော့မှာပဲ ဖြစ်ပါတယ်..။

ဖြိုးမြတ်အောင်နဲ့အတူ တွေ့ဆုံခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုတော့ မင်းသမီးချောလေး မေမြင့်မိုရ်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ မြင့်မြတ်နဲ့အတူရိုက်ကူးနေတဲ့ ရိုက်ကွင်းပေါ်က ဓာတ်ပုံလေးအပြင် “MMIDOL မှ ပူပူနွေးနွေး Winner နဲ့..” ဆိုပြီး သားညီ၊ ဖြိုးမြတ်အောင်တို့နဲ့တွေ့ဆုံ ရိုက်ကူးထားတဲ့ အမှတ်တရဓာတ်ပုံလေးတွေကိုပါ မျှဝေထားတာတွေ့ရပါတယ်..။

ကြော်ငြာရိုက်ကူးနေတာလား ဇာတ်ကားရိုက်ကူးနေတာလားဆိုတာကို လတ်တလော မသိရသေးပေမယ့် သေချာတာကတော့ မကြာခင်မှာအနုပညာအလုပ်တွေနဲ့ အားလုံးရဲ့အချစ်တော် ဖြိုးမြတ်အောင်တစ်ယောက် ပရိသတ်တွေရှေ့ ပြန်လည်ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်..။

အခုလို အနုပညာအလုပ်တွေ စတင်လုပ်ဆောင်တော့မှာဖြစ်တဲ့ ဖြိုးမြတ်အောင်အတွက် သူ့ရဲ့ပရိသတ်တွေကလည်း အရမ်းကိုဝမ်းသာနေကြပြီး ပရိသတ်အချစ်တော်တွေကို အတူတွေ့မြင်ရမှာမို့ စောင့်မျှော်အားပေးနေကြတာလည်း တွေ့ရပါတယ်..။

ဝါရင့်အနုပညာရှင်တွေနဲ့အတူ အနုပညာအလုပ်တွေ စတင်လုပ်ဆောင်တော့မှာဖြစ်တဲ့ အကြောင်းလေးကတော့ ဖြိုးမြတ်အောင်ရဲ့ပရိသတ်တွေအတွက် တကယ့်ကိုသတင်းကောင်းလေးတစ်ခုဖြစ်တာမို့ ဝမ်းသာစရာသတင်းကောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - မေမြင့်မိုရ်၊ ဖြိုးမြတ်အောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။