MYANMAR IDOL ပြိုင်ပွဲကြီးကတော့ မကြာခင်ရက်ပိုင်းအတွင်းကမှ ပြီးဆုံးသွားခဲ့ပြီး ဖြိုးမြတ်အောင်ကတော့ MYANMAR IDOL ရဲ့ WINNERဆုကိုရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။ဖြိုးမြတ်အောင်အနေနဲ့ MYANMAR IDOL ရဲ့ WINNERဆုရှင်ဖြစ်အောင် လွယ်လွယ်ကူကူနဲ့ တတ်လမ်းခဲ့တာတော့ မဟုတ်ပါဘူး။ ပရိသတ်တွေရဲ့ ဝေဖန်တာတွေကိုခံရသလို မိသားစုကဆင်းရဲချို့တဲ့တာကြောင့် အခက်အခဲပေါင်းစုံကို ဖြိုးမြတ်အောင်တစ်ယောက် ကျော်ဖြတ်ခဲ့ရပါတယ်။ 

ယနေ့မှာတော့ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ခဲ့ရတဲ့ ဖြိုးမြတ်အောင်ကို မျက်ရည်ကျလောက်စရာ သီချင်းလေးဖြစ်တဲ့ “မေမေရဲ့မုန်းဟင်းခါးဆိုင်ကသားလေး” သီချင်းလေးနဲ့ ပရိသတ်တစ်ယောက်က ဂုဏ်ပြုပေးခဲ့ပါတယ်။ အဆိုပါသီချင်းလေးဟာ ခဏသာကြာမြင့်သော်လဲ့ ပရိသတ်တွေကို မျက်ရည်ကျစေခဲ့ပြီး ဖြိုးမြတ်အောင်ရဲ့ဘဝကို ပေါ်လွင်စေခဲ့ပါတယ်။ 

ဖြိုးမြတ်အောင်အနေနဲ့ အခုလိုတခဲနက်အားပေးတဲ့ ပရိသတ်တွေကြောင့် အပျော်ကြီးပျော်နေခဲ့ပါတယ်။ ဖြိုးမြတ်အောင်ကတော့ အခုလိုဂုဏ်ပြုသီဆိုပေးတဲ့ ပရိသတ်တစ်ဦးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောဆိုထားပါတယ်။ ချစ်ပရိသတ်ကြီးအတွက် ဖြိုမြတ်အောင်ရဲ့ ဘဝအကြောင်းကို မျက်ရည်ကျစရာသီချင်းလေးနဲ့ဂုဏ်ပြုသီဆိုပေးလိုက်တဲ့ ပရိသတ်တစ်ဦး “မေမေရဲ့မုန်းဟင်းခါးဆိုင်ကသားလေး” သီချင်းလေးကို အောက်မှာကြည့်နိုင်ပါတယ်။ 

source: PHYO MYAT AUNG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။