2008 Melody World ကနေ ပရိသတ်အားပေးမှု တခဲနက်ရရှိခဲ့တဲ့ အဆိုတော် နီနီခင်ဇော် ဟာ ဂီတလောကအတွက်တော့ တကယ်ကိုအနုပညာရှင်ကောင်း တစ်ယောက်ပါဘဲ ။

သူမဟာ လတ်တလော မှာတော့ UK ကို ရောက်ရှိနေတာဘဲ ဖြစ်ပါတယ် ။

သူမဟာ အရမ်းကို တက်ကြွပြီး အမြဲ လန်းဆန်းနေတတ်ပြီး ချစ်စရာအပြုံးလှလှလေး တွေရှိတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါတယ် ။ အခုလက်ရှိ UK ခရီးစဉ်မှာ လည်း အရမ်းကို ပျေ်ာရွှင်နေပြီး ဓာတ်ပုံတွေအများကြီး ရိုက်ကူးနေထားတာကိုတွေ့ရပါတယ် ။ သူမ ပျော်ရွှင်စွာသွားရောက်လည်ပတ်ခဲ့တဲ့ နေရာကို နှုတ်ဆက်ရမယ့်အချိန်မှာတော့

" အမြဲ သတိရနေမှာပါ

ကံမကုန်ခင် ပြန်ဆုံကြမယ် ဆိုတာ လည်းရှိတာပဲ " ဆိုတဲ့ စာသားလေးနဲ့အတူ သူမရဲ့ ခရီးစဉ်တစ်လျှောက်က ပုံရိပ်တွေကို ပရိသတ်တွေကို ပြန်လည်မျှဝေပေးထားပါသေးတယ် ။

ပရိတ်သတ် တွေရဲ့ နှလုံးသားကို လွမ်းစေ၊ ဆွေးစေ၊ ပျော်စေ၊ မြူးစေ တဲ့ အသံပိုင်ရှင် အဆိုတော်မလေး နီနီခင်ဇော် ကို ဆက်လက်အားပေးကြပါဦးနော်။ သူမကိုချစ်တဲ့ ပရိသတ်တွေအတွက်သူမရဲ့ ခရီးသွားပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Ni Ni Khin Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။